'Knock Knock'
"သားပါဗျ"
ကျစ် ဒီကောင်လေး ဘာလိုက်လုပ်ပြန်ပြီလဲ။
အချိန်နဲနဲကုန်သွားတော့ ညနေက ဒေါသတွေလဲ သိပ်မရှိတော့ပေ။
ထို့ကြောင့် ထိုကလေးရဲ့အမှားမဟုတ်ပဲ ဒေါသထွက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရင်း ကလေးငယ်ကို ပြန်ချော့ရန် ညစာကို ကိုယ်တိုင်ပြင်ဆင်ပေးထားလိုက်သည်။
ထမင်းစားပြီးရင် အေးဆေး စကားပြောမယ်လို့ ရည်ရွယ်ထားပေမယ့် ထိုကောင်လေးရဲ့ သား ဆိုတဲ့ အသံက ညနေက ဒေါသတွေကို ထပ်မံလှုံ့ဆော်ပေးလိုက်သည်။
ညနေက ပုံရိပ်တွေက မျက်လုံးထဲ ဝင်လာသည်။ပုံမှန်ဆို ကိုယ်ဟာ စိတ်ခံစားချက်ကိုထိန်းသိမ်းနိုင်တဲ့သူပါ။
ဒီလိုပုံစံမျိုးနဲ့ တစ်ခါမှဒေါသမထွက်ဖူးပေ။
ဒီကလေးနဲ့ ပတ်သတ်မှပဲ တစ်ချို့ဒေါသတွေက ကိုယ်တောင်မသိပဲ အပြင်ကိုထွက်လို့လာကုန်သည်။ဒီတိုင်းဆက်ထိုင်နေရင် အမှားလုပ်မိတော့မှာကို သိသည့်အတွက်ကြောင့် ထမင်းစားပွဲက ထထွက်လာခဲ့သည်ကို ဒီကောင်လေးက ဒီထိလိုက်လာပြန်သည်။
စိတ်ထိန်းဟ သူရိန်လွှမ်း။
ကလေးငယ်ကို အနာတရ ဖြစ်စေလို့ မဖြစ်ဘူး။"ဝင်ခဲ့"
ဝင်ခွင့်ရတာနဲ့ လွှမ်းရှေ့အပြေးသွားကာ ဒူးထောက်လိုက်ရင်း ကြိမ်လုံးကို လက်နှစ်ဖက်နှင့် လှမ်းပေးကာ ခေါင်းငုံ့ထားလေသည်။
"သားမှားသွားပါတယ်ဗျ
သားကို အပြစ်ပေးပြီး ဆုံးမပေးပါ
ကြိမ်လုံးနဲ့ရိုက်ပြီး နောက်မလုပ်ရဲတော့အောင် အပြစ်ပေးပါ
နောက်တစ်ခါ....အင့်....နောက်တစ်ခါထပ်ပြီး လွှမ်းကို စိတ်ညစ်ရအောင်မလုပ်တော့ပါဘူး
ဒီတစ်ခါပဲ သားကိုခွင့်လွှတ်ပေးပါဗျ
သား လိမ္မာပါ့မယ်"ငိုချင်စိတ်ကိုအတင်းမြိုသိပ်ရင်း စကားပြောနေပေမယ့်လဲ ရှိုက်သံလေးက ကြားထဲမှာ မသိမသာဝင်သွားသေးသည်။
လွှမ်းဒီထက်ပိုပြီး ဒေါသမထွက်ဖို့သာ မျှော်လင့်ရတော့မည်။"ခဏလေး
စကားပြောရင် 'သား' ဆိုတာကြီးကို ထည့်မပြောနဲ့
ကိုယ် အခုအရမ်းထိန်းချုပ်ထားရတာ
မင်း အပေါ်ဒေါသပုံချမိလိမ့်မယ်"
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...