၁၄

6.8K 481 15
                                    

ရှိန်း၏စာကြည့်ခန်းထဲတွင် ရှိန်းနှင့်ပြည့်စုံနှစ်ယောက်သာရှိလေသည်။
မွေးစားရန်လိုအပ်သည်များကို ဆောင်ရွက်ပြီး ပိုင်ဆိုင်သည့်အရာ သိပ်မရှိသည့် ပြည့်စုံ၏ပစ္စည်းများကို သိမ်းကာ တစ်ခါထဲ အိမ်ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။
မြို့ရောက်သည်နှင့် အငယ်နှစ်ကောင်ကို ဆေးရုံတွင်ချပေးခဲ့ကာ အိမ်ပြန်လာခဲ့လိုက်သည်။

ရှိန်းက အလုပ်စားပွဲတွင် မှီ၍ မတ်တပ်ရပ်ကာ လက်ပိုက်၍ ပြည့်စုံကို ကြည့်နေသည်။
ရှိန်း၏အကြည့်များကို ရင်မဆိုင်ရဲသောကြောင့် ပြည့်စုံတစ်ယောက်ကတော့ မျက်နှာလွှဲထားလေသည်။

"ထိုင်လေ
ဒီလိုပဲခေါင်းကြီးငုံ့ပြီးမတ်တပ်ရပ်နေမလို့လား"

"ဗျာ..ဟုတ်ကဲ့"

ပြည့်စုံတစ်ယောက် ခုံတွင်ဝင်ထိုင်လိုက်သော်လည်း ခေါင်းကတော့မော့မလာပေ။
ညီအစ်ကို ၃ ယောက်တွင် အကြီးဆုံးဖြစ်သည့်အပြင် ကိုလွှမ်းနဲ့ကိုခန့်တို့ကလဲကြောက်ရသည့်သူဖြစ်သောကြောင့် ပြည့်စုံ တုန်လှူပ်နေမိသည်မှာမဆန်းပေ။
ရှိန်းသခင်ဆိုသော နာမည်ကို ပြည့်စုံကြားဖူးပါသည်။
နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်မှန်းလဲ သိပါသည်။
စည်းကမ်းတင်းကြပ်ကာ ထူးဆန်းတဲ့ ဆုပေးဒဏ်ပေးစနစ်ကို ကုမ္ပဏီတွင် ကျင့်သုံးခြင်းကြောင့် နာမည်ကြီးလေသည်။
ပထမဆုံးတွေ့ဆုံသည့်နေ့တွင် ပြည့်စုံအပြစ်ပေးမခံချင်ပါ။
ထို့ကြောင့် လှူပ်ရှားမှူတိုင်းကို သတိထားနေမိသည်။
ကိုယ့်ရဲ့ အုပ်ထိန်းသူကို စိတ်မပျက်စေချင်ပါ။

"အခု ကိုယ်တို့က မင်းရဲ့တရားဝင် အုပ်ထိန်းသူဖြစ်သွားပြီ
အဲ့တော့ ကိုယ်တို့စကားကို နားထောင်ဖို့မျှော်လင့်တယ်
ရိုင်းစိုင်းတဲ့ စကားအသုံးအနှူန်းတွေ အပြုအမှူတွေကို ဒီအိမ်မှာ လက်မခံဖူး
ဆေးလိပ် အရက် မူးရစ်ဆေးဝါး လုံးဝ မထိရဘူး
မင်း အသက်ပြည့်လာရင်တော့ အရက်သောက်ခွင့်ပြုမယ်
ဒါပေမယ့်လဲ ကိုယ်တို့ရဲ့ခွင့်ပြုချက်ရှိမှသောက်ရမယ်
အရေးအကြီးဆုံးက ကိုယ့်ကိုမလိမ်နဲ့
လိမ်တာက ကိုယ်အမုန်ဆုံးအရာပဲ
ဘာကိစ္စဖြစ်ဖြစ် ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောပြီး တိုင်ပင်လို့ရတယ်
လုံးဝမလိမ်မိစေနဲ့
ကိုယ်ပြောတာ နားလည်ရဲ့လား"

BelongingWhere stories live. Discover now