၁၅

8.2K 430 26
                                    

"ကောင်းကင် ..... ကောင်းကင်..."

စားပွဲခုံပေါ် ခေါင်းမှောက်ကာ အိပ်ပျော်နေသော ကောင်လေးကို လွှမ်းအသာလှူပ်နိုးမိ၏။
ကိုယ့်အစား ဂျူတီချိန်ဝင်ပေးထားရ၍ ပင်ပန်းနေပုံပေါ်သည်။
ခေါ်နေသည်မှာ အနည်းငယ်ကြာနေပြီဖြစ်သော်လည်း ထိုကောင်လေးမှာ လုံးဝမနိုးလာပေ။
အိမ်တွင် သက်တောင့်သက်သာ နားစေချင်သောကြောင့်သာ လာနှိုးရခြင်းဖြစ်သည်။

"ဟမ်...ဟွန်....ဝါး......"

အကြောဆန့်ကာ သန်းဝေရင်း လွှမ်းကိုမော့ကြည့်လာသည်။

"ဆရာ...
ပြန်လာတာလား...
ဝမ်းသာလိုက်တာဗျာ"

"ကိုယ့်ကိုတွေ့လို့ ဝမ်းသာတာလား
နားလို့ရပြီဆိုပြီး ဝမ်းသာတာလား"

"နှစ်ခုလုံးပေါ့ ကိုယ့်ဆရာရဲ့
ဆရာမရှိတုန်း ကျွန်တော် တာဝန်ကျေထားပါတယ်နော်
တကယ် ကြိုးကြိုးစားစား အလုပ်လုပ်ထားပါတယ်ဗျ
ဆရာ ကျွန်တော့်ကို တစ်ခုခုတော့ပြန်ကျွေးသင့်တယ်"

မိုးကောင်းကင်သည် လွှမ်းရဲ့ ဂျူနီယာဆိုလဲဟုတ်သလို တပည့်ဆိုလဲဟုတ်ပါသည်။
ရှိန်းကို တစ်ဖက်တစ်လှမ်းက ဝန်လျော့စေရန်အတွက် လွှမ်းသည် ဆေးကျောင်းတက်နေသော်လည်း အငယ်တန်းများ ၁၀ တန်းကလေးများကို guide လုပ်ခဲ့ဖူးသည်။
မိုးကောင်းကင်က လွှမ်း guide လုပ်ပေးခဲ့သော ဂျူနီယာတစ်ယောက်ဆိုလဲမမှားပေ။
လွှမ်းနဲ့အတူတူအလုပ်လုပ်မည်ဟုဆိုကာ လွှမ်းရှိသော Sunflower ဆေးရုံသို့ အလုပ်လာလျှောက်ခြင်းဖြစ်လေသည်။
ကလေးအနည်းငယ်ဆန်ကာ လွှမ်းကိုလဲ တွယ်တာလေသည်။

"ဟုတ်ပါပြီဗျာ
ခုတော့ အိမ်ပြန်ပြီး အားရပါးရ နားလိုက်တော့
မင်း အရမ်းပင်ပန်းနေတဲ့ပုံပေါ်တယ်
ကျန်တဲ့ ဂျူတီချိန်ကို ကိုယ်ပဲဆက်ယူလိုက်မယ်"

"ဟုတ် ကျေးဇူးတင်ပါတယ် ဆရာ"

.............

'Knock Knock'

"ဝင်ခဲ့ပါ"

"ပြန်ရောက်ပြီလား"

တံခါးဝဘက် နောက်ကျောပေးထိုင်ကာ စာလုပ်နေသော ပြည့်စုံက ရှိန်းအသံကြားတော့ မတ်တပ်ထရပ်လေသည်။
လွှမ်းက ဝင်လာထဲက ပြည့်စုံဘက်သို့သာ ဦးတည်၍လျှောက်သွားလေသည်။

BelongingWhere stories live. Discover now