"အေးမြတဲ့ ဆောင်းတစ်ညမှာ
မီးရောင်ထိန်သာ လူအများနဲ့
မင်းလေးအတွက် သီချင်းများဆို
အသည်းထဲ အေးချမ်းသွားရမယ်"စာသားတွေက ပေါက်ကရဖြစ်နေပေမယ့်လဲ ယုံကြည်ချက်ရှိရှိနဲ့ သီဆိုဟစ်ကြွေးနေသော ကေလးမဟာ မဟာ့အတွက် မနက်ခင်းအမောပြေပါ။
ညဥ့်နက်မှ အိပ်ရသည့်အတွက် ကိုယ္ကေနာက္က်မွ အိပ်ရာထနိုင်ပေမယ့် ဒီကေလးမကေတာ့ ဘယ်ချိန်ထဲက အိမ်ပေါ်ရောက်မှန်းမသိ။
မဟာ့ မီးဖိုချောင်ကို သူ့အိမ်သူ့ယာလို သေဘာထားကာ လှီးချွတ်ချက်ပြုတ်နေလေရဲ့။"အွန်းးးး ပင်ပန်းတာတွေတောင် ပျောက်သွားသလိုပဲ
ဒီကျောပြင်ကြီးကို လွမ်းနေတာ
ဒီဗိုက်ချပ်ချပ်လေးကိုရောပဲ"ကိုယ့်ရဲ့ အလုပ်ရှင်လဲဖြစ် ချစ်ရသူလဲဖြစ်တဲ့ နှင်းမဟာနွယ်ဟာ ဘယ်လောက်အလုပ်များလဲ ကိုယ်သာအသိဆုံး။
အိပ်ယာထနောက်ကျလို့ နံနက်စာလွတ်ပြီး ရုံးရောက်လာတဲ့အခါ canteen ကတွေ့ရာမုန့်ထုပ်ကို ကိုင်ဆွဲပြီး ရုံးခန်းထဲဝင်ဝင်သွားတဲ့ ဒုဥက္ကဌကိုတွေ့ရပါများတော့ မနက်စောစောထတတ်တဲ့ စံပယ္ကပဲ နံနက္စာကို တာဝန်ယူပေးဖို့ဆုံးဖြတ်လိုက်သည်။သီချင်းလေးငြီးကာ နံနက်စာပြင်နေတဲ့ ကိုယ့်ကျောပြင်ကို အတင်းကာရော လာဖက်တဲ့ လက္တစ္စုံက ချစ်ရသူမှလွဲ၍ ဘယ်သူမှမဖြစ်နိုင်။
အားကစားပုံမှန်လုပ်တတ်သည်ကြောင့် စံပယ်ရဲ့ဗိုက်ဟာ အဆီအပိုပင်မရှိ။
ထိုဗိုက်သားခ်ပ္ခ်ပ္ကိုပဲ သဘောခွေ့နေသော မဟာက ကြုံရင်ကြုံသလို အင်္ကျီအောက်ကို လက်လျှို၍ အသားယူတတ်သေးသည်။"လွမ်းပြန်ပြီလား မရဲ့
မနေ့ကလဲ မပြန်ခင် အဝ ဖက်ထားသေးတယ်လေ"မခွဲချင်သေးဘူးဆိုပြီး စံပယ့်ပေါင်ပေါ်မှာထိုင်ကာ အလုပ်လုပ်နေသော 'မ' သေးသေးလေးကို နောက်ကနေသိုင်းဖက်ပေးထားရလို့ စံပယ္ခမ်ာ ပေါင်တွေပင်အောင့်ချင်နေပြီ။
အဲ သေးသေးလေးလို့ဆိုရခြင်းက စံပယ်နဲ့ယှဉ်ရင် သေးတယ်လို့ပြောချင်တာနော်။"အွန်း စံ့ရဲ့ ကိုယ်သင်းနံ့လေးကို လွမ်းတာ
၁၂ နာရီလောက် ဒီအနံ့လေးနဲ့ ကင်းကွာလိုက်တာ မ မွာ မနေတတ်မထိုင်တတ်တွေတောင် ဖြစ်ကုန်ပြီ
မ ကို ဘယ်လိုတွေတောင် ပြုစားထားတာတုန်း ဟမ်"
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...