၁၆

7K 386 10
                                    

AN: အဲ တောင်းပန်ပါတယ် reader လေးတို့ရယ်။
ကိုယ်က notes ထဲမှာရေးရင်းနဲ့ အရှိန်ပါပြီး ဒီမှာ publish ဖို့မေ့သွားတယ် ဟဲဟဲ။
ခွင့်လွှတ်ပေးကြပါကွယ်။
ကိုယ့် notes ထဲမှာတော့ တော်တော် ခရီးရောက်နေပါပြီနော် ^^။
reader လေးတို့ကို တမျှော်မျှော်နဲ့ မထားခဲ့ပါဘူးရှင် 😗။
တစ်ရက်ခြားတစ်ခါ နှစ်ရက်ခြား တစ်ခါ ပုံမှန် up ပေးနေမှာပါ။
ကိုယ့်ကို ယုံကြည်စိတ်ချလို့ရပါတယ်နော်။

.....

"ဒါပေမယ့် လွှမ်း သားကျူရှင်မယူချင်ဘူး"

"မယူချင်ဘူး?
ဘာကြောင့်လဲ"

"မနှစ်က စာသေချာလုပ်ထားပါတယ်
ခုထိစာတွေမှတ်မိနေသေးပါတယ်
အာ့ကြောင့် ဆရာထပ်ခေါ်ဖို့တကယ်မလိုပါဘူးဗျ"

အိမ်တွင် ဆရာခေါ်၍ တစ်ယောက်ချင်းသီးသန့်သင်ရန် လွှမ်းကစီစဥ်နေသော်လည်း ပြည့်စုံကလက်မခံပေ။
လွှမ်းက သူ့ပြောစကားကို ငြင်းဆန်နေသောကောင်လေးအား သိပ်တော့ဘဝင်မကျပေ။

"ဒီနှစ်လဲ အမှတ်မမှီဘူးထင်ရင် ခြစ်ချဦးမှာလား"

လွှမ်းရဲ့စကားက ပြည့်စုံကို အနည်းငယ်ကြောင်သွားစေသည်။

ဒီနှစ်တော့သူ သေချာကြိုးစားမှာပဲ။
အမှတ်မမှီစရာအကြောင်းမရှိ။
ဒါပေမယ့်လဲ မနှစ်ကလဲ ဒီလိုတွေးခဲ့မိတာပဲ။
သို့သော် စာမေးပွဲတကယ်ဖြေတော့ မိမိနားမလည်သည့်မေးခွန်းများကို မေးလာခဲ့လေသည်။
ဒီတစ်ခါရော သူခြစ်ချမိမှာလား။

"ဒီနှစ်တော့ မင်းအမှတ်မှီသည်ဖြစ်စေ မမှီသည်ဖြစ်စေ ကိုယ်မင်းကို စာမေးပွဲအောင်စေချင်တယ်
အဲ့တော့ တကယ်လို့အမှတ်နည်းရင်လဲ အဲ့အမှတ်နဲ့အဆင်ပြေတဲ့ လမ်းကြောင်းကို ကိုယ်ရွေးပေးမယ်
အမှတ်များများနည်းနည်း ကိုယ်မင်းကိုဘာမှပြောမှာမဟုတ်ဘူး
၁၀ တန်းက အဓိကမှမဟုတ်တာ
ဒါပေမယ့် မင်းတကယ်ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့ မင်းကို guide လုပ်ပေးနိုင်တဲ့ ဆရာတော့ရှိသင့်တယ်
ဒါမှ အမှတ်များမှာလေ
ဆုံးဖြတ်ချက်က မင်းလက်ထဲမှာ
မင်းဘာသာစဥ်းစား"

လွှမ်းစကားက ပြည့်စုံကို တွေဝေစေသွားသည်။
သူတစ်ယောက်ထဲလုပ်ရင် တကယ်အမှတ်ကောင်းနိုင်ပါ့မလား။
မနှစ်က ကျူရှင်ယူခဲ့သည်ဆိုပေမယ့် ရွာမှာသာသင်ခဲ့သည့်အတွက် မြို့ကဆရာတွေလောက်တော့ အတွေ့အကြုံမရှိနိုင်ပေ။
ဂေဟာမှာ လွှမ်းကကူလုပ်ပေးခဲ့သည့် အချိန်ခဏလေးအတွင်းမှာပင် သူမသိခဲ့သည့်အရာတော်တော်များများကို လေ့လာသိရှိခဲ့ရသည်။
ကျူရှင်မယူချင်ရသည့် အဓိကအကြောင်းအရင်းက လွှမ်းတို့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်သောကြောင့်ဖြစ်သည်။

BelongingWhere stories live. Discover now