"ပြည့်စုံ"
"ဗျာ သခင်"
ထမင်းစားဝိုင်းက ယခင်နဲ့မတူညီစွာ တိတ်ဆိတ်လို့နေသည်။
အရင်က ဆူဆူညံညံ ဂျီကျတတ်တဲ့ကောင်လေးက ယခုတော့ အရမ်းငြိမ်နေလေသည်။"နေမကောင်းဘူးလား
ထူးထူးဆန်းဆန်း ဒီနေ့ဘာလို့ငြိမ်နေရတာတုန်း"ပြောလဲပြောရင်း ရှိန်းက ပြည့်စုံနဖူးပေါ် လက်လေးတင်ကာ စမ်းလိုက်သည်။
"အဖျားတော့ မရှိပါဘူး
မျက်လုံးတွေက ဖောင်းအစ်နေတာပဲ
ငိုထားတာလား
ဘာဖြစ်နေတာတုန်း ကိုယ့်ရဲ့ခွေးပေါက်လေး ဟမ်"လွှမ်းနဲ့ ထည်ဝါ တစ်ယောက်ယောက်က ဝင်ပြောမည်ဟု ထင်လိုက်သော်လည်း ဘာမှမပြောဘဲ ထမင်းသာအေးဆေးစားနေကြသည်မို့ ပြည့်စုံစိတ်ညစ်သွားရသည်။
သူကိုယ်တိုင်ပြောရမှာလား။
လွှမ်းက အရမ်းရက်စက်တာပဲ အရိုက်ခံရတာကို ကိုယ့်ဘာသာပြန်ပြောရဦးမယ်။"ဟို အဲ့ဒါကလေ
အဲ့ဒါ သားက... သား အပြစ်လုပ်မိလို့ အရိုက်ခံထားရလို့ပါ""အရိုက်ခံရတယ်? ဘာနဲ့လဲ ဘယ်သူရိုက်တာလဲ ဘာကြောင့်လဲ"
ရှိန်းက မနှစ်သက်သလို မျက်ခုံးတစ်ဖက်ပင့်ကာ မျက်နှာချင်းမှာထိုင်နေသည့် ထည်ဝါ့ကို ကြည့်လိုက်သည်။
ထည်ဝါက သူ့ဘာသာ ထမင်းသာစားနေသည်။ပုံမှန်ဆို အပြစ်ပေးခံရပြီးလျှင် တစ်ခဏတာ ထိုင်းမှိုင်းနေတတ်ပေမယ့်လဲ ထိုကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်ကာ ပြန်လည် တက်ကြွနေတတ်သည်။
အခုတော့ ဒီကောင်လေးက ခုချိန်ထိ ငိုမဲ့မဲ့လေးဖြစ်ချင်နေသေးသည်။"ဟို ကြိမ်းလုံးနဲ့ တင်ပါးကို အရိုက်ခံရတာပါ
လွှမ်းက စာလုပ်ရင် ပေါ့ပေါ့ဆဆ မလုပ်ဖို့ အမြဲပြောပေမယ့် သားက..သားက စကားနားမထောင်လို့ပါ..""လွှမ်းကရိုက်တာပေါ့ အဲ့ဒါဆို"
လွှမ်းက ပြည့်စုံကိုရိုက်သည်ဆိုသည့် အချက်က ရှိန်းကို အံ့သြစေသည်။
ထည်ဝါ့ဆီက အရိုက်ခံရသည်ဟုသာ ထင်နေတာ။
ငယ်ငယ်တုန်းက ဆိုးသွမ်းနေတဲ့ ထည်ဝါ့ကိုတောင် ပေါ့ပေါ့ပါးပါး လွှတ်လွှတ်လပ်လပ်နေပါစေဆိုပြီး ကိုယ်ရိုက်ရင် ဝင်ဝင်ဟန့်တားတတ်တဲ့ လွှမ်းက ဒီလိုကိစ္စလေးနဲ့ ရိုက်သည်တဲ့လား။
အချက်ရေများများလဲရိုက်ထားသည့်ပုံပင်။
ပြည့်စုံ မျက်လုံးတွေက အရမ်းငိုထားမှန်းပြနေသည်။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...