၃၇

6.8K 337 7
                                    

အပြန်ကျတော့ သုခက သူ့ Daddy ကိုယ်တိုင်လာခေါ်သည် ဆိုသောကြောင့် ကျွန်တော့်ကိုတောင်မစောင့်ဘဲ ကားလမ်းတစ်ဖက်ခြမ်းမှာ ရပ်ထားတဲ့ ကားပေါ်ကို အမြန်တက်သွားလေသည်။
ဒီကောင် စိတ်ဓာတ်ပဲ။
သူ့ အဖေနဲ့တောင် မိတ်မဆက်ပေးဘူး။
သူကျတော့ လွှမ်းရောခန့်ရောကို မျက်နှာချိုသွေးပြီး ကပ်ချွဲနေပြီးတော့။
သူ့အဖေကျ အတွေ့တောင်မခံဘူး ဟွန့်။

"ဟေ့ ပြည့်စုံ"

ခန့်ကလာနေပြီလို့ ပြောတာကြောင့် ဆိုင်ထဲမှာ တစ်ယောက်ထဲ အူကြောင်ကြောင်ကြီး ထိုင်မနေချင်တာနဲ့ ဆိုင်ရှေ့ထွက်စောင့်နေချိန် ဟိန်းမာန် အသံကြားတော့ အံ့သြမိသွားသည်။
ပြန်သွားပြီထင်နေတာ ခုထိ ဒီနားမှာပဲရှိနေတုန်းလား။
အံ့သြနေတဲ့ သူ့မျက်နှာကိုကြည့်ပြီး ဟိန်းမာန်ကပဲ လူချင်းမတွေ့ရတောင် မျက်နှာလေးပဲကြည့်ချင်လို့ ဆိုင်ပြင်မှာ တစ်ချိန်လုံးစောင့်နေတာဖြစ်ကြောင်း အလိုက်တသိ ပြန်ဖြေပေးရှာသည်။

"ဘာလို့ အပြင်ရောက်နေတာလဲ"

ဟိန်းမာန်နဲ့စကားပြောနေတာကြောင့် ခန့်ရောက်နေသည်ကိုပင် သတိမထားမိပေ။

"အာ..ခန့်..ဟီး အထဲမှာ တစ်ယောက်ထဲမို့"

အထဲမှာပဲစောင့်နေလို့ ထည်ဝါကဖုန်းဆက်လှမ်းပြောထားတာကြောင့် အလိုမကျသည့်ဟန်ရှိနေသော ထည်ဝါ့ကို ပြည့်စုံ သွားဖြီးပြရပြန်တယ်။

"အာ့ဆို ငါတို့ပြန်တော့မယ်နော် ဟိန်းမာန်
ခန့် သွားမယ်လေ"

"အွန်း
အာ..အကို...ခဏလေးပါ
ဟိုလေ..အွန်းးး..ကျွန်တော် စကားခဏပြောလို့ရမလားဗျ"

"နောက်မှ ဖုန်းဆက်လိုက်လို့ အဆင်ပြေလား"

တည်တင်းကာ ခပ်ပြတ်ပြတ်ထွက်လာတဲ့ ထည်ဝါ့ရဲ့အသံကြောင့် ပြည့်စုံတင်မက ဟိန်းမာန်ပါအနည်းငယ်တွန့်သွားသည်။

"ဟုတ် ဟုတ်..ရပါတယ် အကို"

.....

"ပြည့်စုံ"

"ဗျာ"

ဆိုင်အပြင်ထွက်မိ၍လား၊ လူဆိုး ဟိန်းမာန်နဲ့ပေါင်းသင်းမိ၍လား ဘာကြောင့်မှန်းမသိ စိတ်တိုနေဟန်ပေါ်သော ထည်ဝါ့ကြောင့် ပြည့်စုံလဲစကားစမပြောရဲပေ။
ထို့ကြောင့် တစ်လမ်းလုံးတိတ်ဆိတ်လို့နေသည်။

BelongingWhere stories live. Discover now