၂၀

8.7K 392 24
                                    

"ပြည့်..ပြည့်..
ထမယ်လေကွယ်
၅ ခွဲနေပြီ ကောင်လေးရေ"

"ဟင်းးးးးး ခဏ...ခဏလေးပဲ အိပ်ပါရစေ"

မနက်စောစော အားကစားလုပ််ရန် ရှိန်းက ပြည့်စုံကိုလာနှိုးလေသည်။
ထိုင်ထလုပ်ခိုင်းတိုင်း မောနေတတ်သည့် ကောင်လေးကြောင့် လွှမ်းက အားကစားလုပ်ရန် ဆော်သြတော့သည်။
ထို့ကြောင့် ပြည့်စုံကိုကူညီ၍ အားကစားလုပ်ပေးရမည့် တာဝန်ကို ရှိန်းကယူလိုက်သည်။

ပြည့်စုံနှင့်အတူ မနက်ခင်းကိုလန်းလန်းဆန်းဆန်းဖြတ်သန်းရသည်မှာလဲ ရှိန်းအတွက် ကံကောင်းခြင်းပင်။
သို့သော် မနက် မနက် ဒီကောင်လေးကို သွားသွားနှိုးရသည်မှာတော့ ခက်ခဲလှသည်။

ချော့နှိုးလဲမရ ခြောက်နှိုးလဲမရပေ။
နောက်ဆုံး တင်ပါးလုံးလုံးလေးကို အားနှင့်ခပ်ပြင်းပြင်း ရိုက်ပေးလိုက်မှသာ ဝရုန်းသုန်းကား ထလာတတ်သည်။

"ဖြန်း!!"

"အင့်...နာ"

အိပ်ချင်မူးတူးနှင့် သူ့တင်ပါးသူပွတ်ကာ ကုတင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်သည်။
တော်တော်နာသွားတယ် ထင်ရသည်။
ကိုယ့်လက်စ ဘယ်လောက်ပြင်းလဲ ကိုယ်သာ သိသည်။
တစ်ချက်ဆို တစ်ချက် နင့်နေအောင် ခံရလိမ့်မည်။

"ကောင်းကောင်းနှိုးတုန်းက ထရောပေါ့ ကောင်လေးရဲ့
အရမ်း နာသွားပြီလား"

"ဟုတ် သားတောင်းပန်ပါတယ် သခင်
ခုထပါပြီ"

ကုတင်ပေါ်မှ ကုန်းရုန်းထကာ ရှိန်းရှေ့မှ ခေါင်းငုံ့ကာ ဖြတ်လျှောက်ရင်း ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားလေသည်။

Morning person မဟုတ်သည့်အတွက် စောစောထရခြင်းက ပြည့်စုံအတွက်ခက်ခဲပါသည်။
သခင့်ရဲ့ အားဘယ်လောက်ပြင်းလဲ သိရက်နဲ့ အိပ်ရာမထနိုင်သေးသည့် မိမိကိုယ်ကိုသာ အပြစ်တင်မိသည်။
တစ်ချက်လေးပဲ အရိုက်ခံရတာကို ခုထိ တင်ပါးကစပ်ဖျင်းဖျင်းဖြစ်နေသေးသည်။

........

ကျူရှင်ပိတ်သည့်နေ့ဖြစ်သောကြောင့် ပြည့်စုံကတစ်နေကုန် အိမ်မှာသာနေ၍ စာလုပ်ဖြစ်လေသည်။
လွှမ်းက ညနေပိုင်းမှ အိမ်ကိုပြန်ရောက်သောကြောင့် ပြည့်စုံ စာလုပ်နေသည်ကို ကူညီပေးနေသည်။

BelongingWhere stories live. Discover now