Debar မထိဘူးဆိုပေမယ့်လည်း စိတ်ချလို့တော့မရသေးပေ။
စာမေးပွဲကြီးက ကျန်သေးတယ်လေ။
ဒါပေမယ့်လည်း အောင်နိုင်သူ အပြုံးကို ပန်ဆင်ထားပြီး ညနေ လျှောက်လည်ဖို့ တွေးနေသူမှာ ယဉ်ကျေးနဲ့ နိုင်မင်း ပင်။" ဒီည အပြီကဲ ကြမယ် ကိုယ့်လူတို့ ဝိုးးဟိုးး "
ယဉ်ကျေးက အဆိုပြုလို့ နိုင်မင်းက Karaoke ဆိုင်ကို booking တင်ပြီးနေလေပြီ။
" စာလုပ်ရမယ် ကိုယ့်လူတို့
လွှမ်းက စာမေးပွဲတွေ နီးနေပြီမို့ သူငယ်ချင်းတွေနဲ့အတူတူ စာလာလုပ်လို့ရတယ်ဆိုပြီး ငါတို့အတွက် စီစဉ်ပေးပြီးနေပြီ
မသိတာရှိရင်လည်း သူ့ကို မေးလို့ရအောင် မင်းတို့အတွက် ဒီတစ်ပတ် duty တောင် off ထားတယ် "စပ်စလူးစိန် နှစ်ကောင်ရဲ့ အကြံကို ပြည့်စုံက ရင့်ရင့်သီးသီးကို ပယ်ချလိုက်သည်။
သုခနှင့် ထူးနိုင်ကလည်း ပြည့်စုံကို ထောက်ခံလေသည်။ဟုတ်တယ်လေ စာမေးပွဲကြီးအတွက် Self study time ဆိုပြီး တစ်ပတ် ကျောင်းပိတ်ပေးတယ်။
အဲ့ တစ်ပတ်ပြီးရင် စာမေးပွဲက တန်းဖြေရမှာ။
ဒီတစ်ပတ်တွင်း self study လုပ်လို့ နားမလည်တာ ရှိရင် ဘယ်သူ့မေးရမှာလဲ ကျောင်းကလည်း ပိတ်ထားတော့။
ပြည့်စုံအကိုက Guide လုပ်ပေးမယ်ဆိုတော့ အိုကေမှာ ဆိုပြေပဲလေ။
ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်စရာလား။
မောင်ထူးနိုင်ဦးကတော့ အပြည့်အဝ ထောက်ခံတယ်။" မဟုတ်ဘူးလေ ဒီညနေပဲသွားမယ်လေဟာ
ပြီးရင် တစ်ပတ်လုံး မင်းအိမ်မှာလာနေမယ်လေ
အဲ့လိုလုပ်မယ်လေဟာ ငါတို့နှစ်ယောက်ကို စိတ်အနားပေးဦးလေ Debar ကို ဘယ်လောက်တောင် ကြောက်ခဲ့ရလဲ စိတ်ပြေလက်ပျောက် ဘာညာလိုက်မှ စာလုပ်ဖို့ ရွှင်လန်းသွားမှာပေါ့ဟ "နိုင်မင်းက လက်မခံနိုင် အထွန့်တက်လေသည်။
" မင်းတို့ နှစ်ကောင်ကွာ
နေဦး ခွင့်တောင်းလိုက်ဦးမယ် "ပြည့်စုံနဲ့ သုခက ပြောကာ ဖုန်းကိုယ်စီထုတ်ကာ သူတို့နဲ့ ဝေးတဲ့နေရာကို သွား၍ ခွင့်တောင်းနေကြပြီ။
တွဲသွားတွဲလာ လုပ်တာကြာလာတာနဲ့အမျှ ပြည့်စုံနဲ့ သုခရဲ့ အိမ်မပိုင်တဲ့ အကြောင်းဟာ နိုင်မင်း တို့အတွက် မထူးဆန်းတော့ပါ။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...