ရင်းနှီးနေမှု

7.6K 427 0
                                    

"မီးမီးလေးက သွားကိုက်နေတာလား
ဦးဦးကပျောက်အောင်လုပ်ပေးမှာပေါ့"

သွားပိုးစားနေသော ကလေးမလေးကို သွားသေချာတိုက်နည်းကို စိတ်ရှည်လက်ရှည်သင်ပေးရင်း ညဘက်တွေ အချိုမစားဖို့လဲမှာနေသောလွှမ်း။
နယ်ဘက်မှာဖြစ်၍ ကျန်းမာရေးအသိမရှိသော ကလေးငယ်များကို ပညာပေးရသေးသည်။

ခြံဝကို အမှတ်မထင်ကြည့်မိတော့ ထည်ဝါနဲ့ကောင်ဆိုးလေး အတူဝင်လာတာကိုတွေ့လိုက်ရသည်။
ဒီကောင် အရမ်းလက်မြန်တာပဲ ကိုယ်တောင်မိတ်ဆက်ပေးစရာမလိုဘူးပဲ။
အဲ အခြေအနေက နဲနဲတော့ ထူးဆန်းနေသလိုလို
ကောင်ဆိုးလေးကအရမ်းငြိမ်နေသည်။
လက်နှစ်ဖက်ကိုရှေ့တွင်ယှက်ကာ ခေါင်းလေးငုံ၍ ထည်ဝါ့နောက်က ခပ်ကုတ်ကုတ်လေးနဲ့လိုက်လာနေသည်။
ထည်ဝါကလဲ ဒေါသအနည်းငယ်ထွက်နေသယောင်။
စစတွေ့ချင်းကို ဘာတွေသွားမွှေလိုက်တာတုန်း ကောင်ဆိုးလေးရဲ့။
ထည်ဝါက ကိုယ့်လို သည်းခံတတ်တဲ့သူမဟုတ်လေတော့ ပွဲကြမ်းခဲ့တယ်ထင်ပ။

"ဟေး.....ပြည့်ပြည့်လေး"

ကိုယ့်နေရာကို သူငယ်ချင်းတစ်ယောက်အားခဏလက်လွှဲခဲ့ရင်း ကောင်ဆိုးလေးနာမည်ကိုအော်ခေါ်ကာ ပြေးသွားလိုက်သည်။
ကိုယ့်အသံကြားတော့ ဆတ်ခနဲခေါင်းမော့လာလေသည်။
ထို့နောက် ထည်ဝါ့ကို မသိမသာကြည့်ကာ ခေါင်းပြန်ငုံ့သွားလေ၏။
ထည်ဝါတစ်ကယ် ပွဲကြမ်းလာတာပဲ။
စစတွေ့ချင်းကို ကောင်ဆိုးလေးက ဒီလောက်ကြောက်နေပီ။
ကလေးရဲ့ မျက်နှာငယ်လေးကို သဘောတော့မကျမိပေ။

"ထည်ဝါ မင်း ပြည့်လေးကို ဘာလုပ်လာတာလဲ"

ထည်ဝါ့အား လေသံနဲနဲမာမာနှင့်မေးမိတော့ ကောင်ဆိုးလေးက အလန့်တကြားမော့ကြည့်လာလေသည် ကိုယ်လေသံမာတာမှမကြားဖူးပဲ။

"ဟေ့...ငါ့ကိုအဲ့လို လာမကြည့်နဲ့
မင်းကောင်ဆိုးလေးကို မင်းဘာသာမေးကြည့် ဘာလုပ်ထားလဲဆိုတာ"

ထည်ဝါ့စကား ကြားတော့ ခေါင်းငုံ့နေတဲ့ကောင်လေးက ပိုငုံ့သွားလေသည်။

"ဘာဖြစ်လာလို့လဲ ကောင်လေး"

"သား....သား.... ရန်ဖြစ်ခဲ့မိလို့ပါ ကိုလွှမ်း"

BelongingWhere stories live. Discover now