"ရှိန်းသခင်!!!"
ရုံးခန်းထဲဝင်ဝင်ချင်း တံခါးပိတ်ပြီးတာနဲ့ အသံမာမာနဲ့ အော်လိုက်တဲ့ လွှမ်း။
"ဗျာ"
ရှိန်းနဲ့လွှမ်းက အမွှာတွေဖြစ်တာကြောင့် ငယ်စဥ်ကတည်းက အပြန်အလှန် ထိန်းချုပ်မှုရှိကြတယ်။
ရှိန်းက အမှားလုပ်ရင် လွှမ်းကထောက်ပြတတ်သလို လွှမ်းက အမှားလုပ်ရင်လဲ ရှိန်းက ဆူတတ်သည်။
သို့သော်လည်း လွှမ်းကသာ အမြဲပြသာနာရှာတတ်၍ အဆူခံရတာများသည်။
ရှိန်းကို လွှမ်းကဆူရတဲ့ ကိစ္စဆိုတာ ခပ်ရှားရှားပါ။
ထို့ကြောင့် တစ်ခါတစ်လေ လွှမ်းက သူ့အပေါ် ဒေါသထွက်ရင် ငြိမ်ခံနေလိုက်သည်။"မင်းရဲ့ မျက်ဝန်းတွေကို ငါ အဓိပ္ပါယ်ဖတ်တတ်တယ်ကွ
ကလေးငယ်က ဆွဲဆောင်မှုရှိတာ ငါလဲ လက်ခံတယ်
ဒါပေမယ့် အခုထိ အသက်မပြည့်သေးဘူးလေ
ပြီးတော့ သူ့စိတ်က အခုထိ ကလေးပဲရှိသေးတယ်
မင်းရဲ့ အပြုအမှုကို အပြစ်ပေးတယ်ပဲမြင်တာ
ငါတို့ဘက်က မရိုးသားပေမယ့် ကလေးငယ်က ရိုးသားတယ်ကွ
အဲ့လို စိတ်ထားမျိုးနဲ့ဆို ကလေးနားကိုမလာနဲ့"ရိုးသားဖြူစင်နေသေးသည့် ကလေးငယ်ကို လွှမ်းကအရောင်မဆိုးချင်သေးပေ။
အချိန်တန် အရွယ်ရောက်လို့သိသင့်သိထိုက်တာတွေ သိလာမှသာ သူတို့ရဲ့ နှလုံးသားကို ဖွင့်ဟဝန်ခံမည်ဟု ခံယူထားသူဖြစ်သည်။
ထို့ကြောင့်လဲ ယခုအချိန်ထိ ကလေးငယ် တစ်ယောက်လိုသာ ဆက်ဆံ၍ မိမိစိတ်ကို ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။လွှမ်းနဲ့ထည်ဝါအတွက်က ထိန်းချုပ်ဖို့လွယ်ကူပေမယ့် ရှိန်းအတွက်တော့ ခက်ခဲလှသည်။
ငယ်စဥ်ကလေးဘဝထဲက ရင့်ကျက်လိမ္မာသော ရှိန်းက ဒီအသက်အရွယ်ရောက်သည်အထိ ရည်းစားမထားဘူးပေ။
မိန်းမကိစ္စ၊ အပျော်အပါးလိုက်စားတတ်သူလဲမဟုတ်သည်ကြောင့် ဒီလိုကိစ္စမျိုးနှင့် အလှမ်းဝေးလေသည်။
သူ့ရဲ့ ပထမဆုံးတိုင်းသည် ချစ်ရသူအတွက်ဟုရည်ရွယ်ကာ အရှုပ်အရှင်းကင်းခဲ့သူဖြစ်သည်။"ငါသိပါတယ်ကွာ
ရှေ့လျှောက်အတတ်နိုင်ဆုံးထိန်းပါ့မယ်
ကလေးက အဲ့လောက်လဲမငယ်တော့ပါဘူး သင်္ကြန်ဆိုရင်ပဲ ၁၇ ပြည့်နေပီ"
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...