"အဲ့တော့ ပြည့်လေးက ထည်ဝါ့ကို သိနေတာလား"
ပြည့်စုံ၏ လက်ကို ဂရုတစိုက် ဒဏ်ကြေဆေးလေး လိမ်းပေးရင်း လွှမ်းကမေးလိုက်သည်။
"ဗျာ ဟုတ်
ကိုကြီး ဒီမှာ လုပ်အားပေးလာကူညီပေးတဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲက သိတာပါ""မင်း ကိုယ့်ကို အဲ့အချိန်ထဲက သိတာလား
ကိုယ်မင်းကို သတိမထားမိဘူး"ထည်ဝါက တအံ့တသြမေးလာသည်။
"မင်းကတော့ ရတနာသိုက်ကို မျက်စိရှေ့ထားပြီး တန်ဖိုးထားရကောင်းမှန်းမသိတဲ့ကောင်ပဲ"
လွှမ်းက အားမလိုအားမရဖြစ်ကာ ထည်ဝါ့ကိုတိုးတိုးလေးကပ်ပြောလေသည်။
ဟုတ်တယ်လေ ထည်ဝါသာ စောစောသတိထားခဲ့မိလျှင် ဒီကလေးနှင့် သူတို့ပိုပြီး စောစော သိခွင့်ရခဲ့မှာ။
ဒီကောင်လေး ငယ်ငယ်ကဆို ဘယ်လောက်တောင် ချစ်ဖို့ကောင်းခဲ့မလဲ။
စဥ်းစားရင်းနဲ့တင် ထည်ဝါ့ကိုမကျေမနပ်ဖြစ်မိလေသည်။"ကိုယ့်ကို တွေ့တော့ ဘာလို့လန့်သွားရတာတုန်း"
"အဲ့ဒါက... ဟို...
ကိုကြီးက သား လေးစားရတဲ့သူမလို့ပါ
သားရန်ဖြစ်နေတာကို ကိုကြီးက ဝင်ဆွဲရတယ်ဆိုတော့ နည်းနည်းလန့်သွားတာပါ
သားက ကိုကြီးနဲ့ ဒီတိုင်းလေး လိမ္မာတဲ့ကောင်လေးအဖြစ် ရင်းနှီးချင်တာ"ပြောရင်းနဲ့ ဝမ်းနည်းလာပုံရသော ကောင်လေးက ခေါင်းလေးငုံ့ကာ လက်နှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားလေသည်။
"ဟူး...
ကိုယ်တောင်းပန်ပါတယ်
မင်းဘက်မှာ ရန်ဖြစ်ရတဲ့အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိတာကို ကိုယ်သိရက်နဲ့ ဒဏ်ခတ်တာကို တင်းကြပ်မိသွားတယ်
လက်မောင်းတွေ အရမ်းနာနေတုန်းလား"လေတစ်ချက်ရှူထုတ်ကာ ခုံပေါ်တွင်ထိုင်နေသည့် ပြည့်စုံကို ထည်ဝါက ရင်ခွင်ထဲဆွဲသွင်းရင်း ခပ်လေးလေးပင် စကားပြောလိုက်သည်။
မမျှော်လင့်ထားသော အခြေအနေကြောင့် ပြည့်စုံကတော့ ခပ်တောင့်တောင့်လေးဖြစ်နေလေသည်။
ထည်ဝါ့ရင်ခွင်ထဲတွင် အနည်းငယ်တော့ မသက်မသာဖြစ်နေလေသည်။"မဟုတ်တာ
သားမလိမ္မာလို့ အပြစ်ပေးခံရတာပါ
သား ကျေနပ်ပါတယ်
ပြီးတော့ ကိုလွှမ်းက သေချာနှိပ်ပြီးဆေးလိမ်းပေးလို့ သားလက်မောင်းက သက်သာနေပါပြီဗျ
စိတ်မပူပါနဲ့နော် ကိုကြီး"
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...