"ဒေါက်..ဒေါက်..."
တိတ်ဆိတ်နေသော အခန်းတွင်းသို့ ကျယ်လောင်စွာ ဝင်ရောက်လာသော တံခါးခေါက်သံ။
သတင်းစာဖတ်နေသော ထည်ဝါက တံခါးထဖွင့်လေသည်။"ရှိန်း...."
အနည်းငယ် လန့်နေသော ထည်ဝါ့အသံကိုကြားတော့ ပြည့်စုံကို စာပြနေသော လွှမ်းက လှည့်ကြည့်လာလေသည်။
ပြည့်စုံ၏အခန်းသည် အရမ်းကျဥ်းသည်မဟုတ်သော်လည်း ကျယ်လှသည်တော့မဟုတ်။
လူသုံးယောက်ဝင်နေလိုက်ရုံနဲ့ပင် အခန်းကပြည့်ချင်သလိုလိုရှိလေသည်။
ပြည့်စုံ၏ စာလုပ်သည့်နေရာသည် သူ၏အိပ်ရာပေါ်တွင်ပင်ဖြစ်သည်။
သူက အခန်းတံခါးပေါက်ဘက်ကို မျက်နှာမူကာ ထိုင်နေပြီး
လွှမ်းက တံခါးဘက်ကို ကျောပေးကာ ထိုင်နေခြင်းဖြစ်သည်။
ရှိန်းကို မြင်တော့ လွှမ်းက အလန့်တကြား မတ်တပ်ထရပ်လေသည်။"ကိုယ် အထဲဝင်ခွင့်ရှိမလား ကောင်လေးတို့"
အပြုံးသဲ့သဲ့နှင့် ရှိန်းက စကားစပြောလေသည်။
ထိုအပြုံးက ရှိန်းဒေါသထွက်နေသည်မှာ သေချာနေသည့် သက်သေပင်ဖြစ်သည်။
အေးစက်စက် အခြေအနေကို ပြည့်စုံကတော့ မရိပ်မိပေ။
ရှိန်း၏ အပြုံးကိုသာ မျက်နှာမလွှဲနိုင်ပဲ ကြည့်နေလေသည်။
ရှိန်းနဲ့ မျက်လုံးချင်းဆုံသွားတော့ ရှက်ရွံ့စွာနှင့်ပဲ အကြည့်လွှဲသွားလေသည်။ထည်ဝါက ရှိန်းအထဲဝင်လို့ရအောင် တံခါးဝတည့်တည့်တွင်ရပ်နေရာမှ ဘေးသို့ အနည်းငယ်ရွှေ့ပေးလေသည်။
လွှမ်းက အိပ်ရာပေါ်တွင် ထိုင်နေဆဲဖြစ်သော ပြည့်စုံကို မတ်တပ်ရပ်ရန် ဆွဲထူပေးလေသည်။
ဘာတွေဖြစ်ပျက်နေလဲ ပြည့်စုံနားမလည်ပေမယ့် ရှိန်းဆိုသည်မှာ သူ့အကိုနှစ်ယောက်ရဲ့ အကိုကြီးမှန်းတော့သိလေသည်။
ထို့ကြောင့်ပင် အလိုက်တသိထကာ ခေါင်းငုံ့နှူတ်ဆက်လိုက်လေသည်။
ထိုကောင်လေးရဲ့ အလိုက်သိတတ်မှူက အခန်းထဲရှိသော လူကြီး ၃ ယောက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကို ဖြစ်ပေါ်စေသည်။
ထည်ဝါက တံခါးကို အသာပိတ်ကာ ရှိန်းရှေ့တွင် လာရပ်လေသည်။"သခင်...ဟို...ငါရှင်းပြပါရစေ"
ထည့်ဝါဆီမှ ထွက်လာသော အသံပင်ဖြစ်သည်။
ရှိန်းသည် ထည်ဝါ့အတွက် ယုံကြည် လေးစား အားကိုးရသော အကိုတစ်ယောက်ဖြစ်သည်။
ထည်ဝါကြောက်ရွံ့ရသော တစ်ဦးတည်းသောသူလည်းဖြစ်သည်။
ငယ်စဥ်အခါက မရင့်ကျက်သေးသော ထည်ဝါက ရှိန်းကို ကလန်ကဆန် လုပ်တတ်သည့်အတွက် ခဏခဏ အပြစ်ပေးခံခဲ့ရသည်။
အရိုက်ခံခဲ့ရသည်ဆိုပိုမှန်ပေသည်။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...