၁၈

7.3K 335 23
                                    

"အင့်... ဆယ့်ရှစ်
ဆယ့်.........
အာ့ မှား ဆယ့်...ဆယ့်...ကိုး....
နွယ် တောင်းပန်ပါတယ်
ထပ်...ထပ် မရိုက်ပါနဲ့တော့
အဟင့် ဟင့််
အား.နှစ်ဆယ်......
စံ ~ မှားသွားပါတယ်
နွယ် တကယ်နာနေလို့ပါ"

နှင်းမဟာက ကုတင်ဘေးတွင် ဒူးထောက်၍ ကိုယ်တခြမ်းကို ကုတင်ပေါ်တွင် ​မှောက်ထားကာ တင်ပါးလုံးလုံးလေးတွေကို အရိုက်ခံရဖို့အတွက် ခပ်မြင့်မြင့်လေးကော့ထားပေးနေရသည်။
အခုထိတော့ သူ့ကိုယ်ပေါ်တွင် အဝတ်အစားများရှိနေသေးသည်။
ထဘီခံနေသော်လဲ တင်ပါးထက်ကနာကျင်မှုက ပြောမပြတတ်အောင်ပင်။

စံက မိန်းကလေးဆိုပေမယ့်လဲ ခန္ဓာကိုယ်ကတောင့်တင်းလှသည်။
Gym ပုံမှန်ဆော့လေ့ရှိသည့် စံက နွယ့်ကို အပြစ်ပေးဖို့အတွက် train နေသည်ဟုပင် ခံစားရစေသည်။
တင်ပါးကိုအရိုက်ခံရသည်က ပုံမှန်ဆို ဒီလောက်မနာပေမယ့် စံက ခါးပတ်ကိုသုံးကာ အားပြင်းပြင်းနှင့်လွှဲရိုက်နေခြင်းကြောင့် နွယ်မှာအသက်ပင်မနည်းရှူနေရသည်။
နံပါတ်စဥ်လဲရီခိုင်းထားသည့်အတွက် မှားမရီမိအောင် စိတ်ကပ်ထားရသေးသည်။
အိပ်ရာခင်းကို လက်ဖြင့်ခပ်တင်းတင်းဆုပ်ကိုင်ထားကာ နှုတ်မှလဲ ခပ်တိုးတိုးငြီးနေမိသည်။

လက်တွေခြေတွေကို ချုပ်နှောင်ထားခြင်းမရှိသော်လည်း နှင်းမဟာ ထွက်မပြေးမိ။
လက်နှင့်လဲမကာမိသလို
ရုန်းလဲမရုန်းပေ​။
အမှားလုပ်ထားမိတာမှန်သောကြောင့် စံပေးသည့် မည်သည့်အပြစ်ကိုမဆို နွယ်ခံယူဖို့အသင့်ပင်။

"ရှူး တိုးတိုး
လိမ္မာတယ်
ငါးချက် ပဲကျန်တော့တယ်"

စံပယ်က ကိုယ်ကို အနည်းငယ်ကိုင်းလိုက်၍ နွယ်ရဲ့နားရွက်လေးကို အနမ်းပေးလိုက်သည်။
နာကျင်လွန်း၍ လှုပ်ရမ်းနေသော တင်ပါးလေးကို လက်နဲ့ခပ်ဖွဖွပွတ်ပေးကာ အနာသက်သာအောင်လုပ်ပေးနေသည်။

"ဟင့်အင်း ဟင့်အင်း
မရိုက်ပါနဲ့တော့ စံ
ထပ်မခံနိုင်တော့ဘူး မလုပ်ပါနဲ့တော့ အင့်
စံက အားကြီးနဲ့ရိုက်တဲ့ဟာကို
နည်းနည်း လျော့ပေးပါ
ခွင့်လွှတ်ပေးပါ ဟင့် စံ~ ...."

"အစက ပြန်စချင်လို့လား နှင်းမဟာနွယ်"

စံပယ်က လေသံမာမာနှင့် နာမည်အပြည့်အစုံခေါ်ကာပြောလေတော့ ကြောက်ရသူမှာနွယ်ပင်။
ခုနက အသံစာစာနဲ့ အပြစ်လျော့ပေးဖို့တောင်းခံနေသူမှာ သူမဟုတ်သလိုပင် ယခုတော့ တိတ်ဆိတ်လို့နေသည်။

BelongingWhere stories live. Discover now