"ဧည့်သည်ရောက်နေပါပြီ ဥက္ကဌ"
"အာ..ဟုတ္လား
ဆောရီးပါ
ကျွန်တော် နည်းနည်းနောက်ကျသွားတယ်ထင်တယ်"ကေလးငယ္ကို ထမင်းကျွေးလိုက် လွှမ်းကိုစလိုက်လုပ်နေတာကြောင့် အချိန်ကကုန်မှန်းမသိကုန်သွားရတယ်။
သတိထားမိတဲ့အချိန်မှာ ၁ နာရီ ၁၅ ပင်ရှိနေပြီဖြစ်သောကြောင့် ဆေးရုံကိုအမြန်ပြန်ထွက်လာရပြန်သည်။"နောက်မကျပါဘူး
ဧည့်သည်ကစောနေတာပါရှင့်
ကျွန်မ ဧည့်တွေ့ခန်းမှာ ဧည့်ခံထားပါတယ်"စံပယ့်ပြောစကားကြောင့် စိတ်သက်သာရာရမိသည်။
စီးပွားရေးလုပ်ငန်းလုပ်နေသည့်သူများဖြစ်တာကြောင့် အချိန်မတိကျ မလေးစားသည်ကို မကြိုက်ကြ။
ကိုယ်ကိုယ်တိုင်လဲ အချိန်လေးစားသလို တစ္ဘက္လူကိုလဲ အချိန်လေးစားစေချင်သည်။
တစ်ခါမှ ချိန်းထားသည်ကို နောက်မကျဖူးသည်ကြောင့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတယ်။"ကျေးဇူးပါ စံပယ်
ကျွန်တော့်ကို ဆေးရုံ ကန်တင်းရဲ့ food list နဲ့ ဆိုင်ခန်းစာရင်းတွေ ယူခဲ့ပေးပါဦး""မင်္ဂလာပါဗျာ
Sunflower hospital ရဲ့ ဥက္ကဌ ခန့်ထည်ဝါပါ
အယ် ခုနက အစ္ကို?"အခန်းထဲဝင်ပြီး နောက်ကျောပေးထားတဲ့ ဧည့်သည်ကိုနှုတ်ဆက်လိုက်ကာမှ ကျောင်းရှေ့မှာ ကိုယ့်ကားနဲ့ပွတ်မိတဲ့ အစ်ကိုမှန်းသိတော့တယ်။
"အာ..ခုနက ညီလေး
အစ်ကိုပြန်မိတ်ဆက်ပါရစေ
သွန်းဇေယျာပါဗျ
Life ကုမ္ပဏီရဲ့ ဥက္ကဌပါ"သူ့ရဲ့လိပ်စာကတ် အစစ်အမှန်ကို ပြန်ထုတ်ပေးရင်း မိတ်ဆက်စကားပြောလာသည်။
ကြည့်ရတာ အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာသုံးဖို့အတွက် လိပ်စာကတ်ကိုခွဲထားတယ်ထင်ရ။
ဖုန်းနံပါတ်ပင်မတူပေ။"ခုနက ဥက္ကဌမှန်းမသိလို့ အပိုဆောင်ထားတဲ့ ဖုန်းနံပါတ်ကိုပေးလိုက်မိတာပါ
မသိတဲ့သူတွေကို ကျွန်တော့်ရဲ့ personal info တွေ မဝေမျှချင်တဲ့သဘောပါ
ခွင့်လွှတ်ပေးပါဗျာ"လိပ္စာကတ္ကို စိုက်ကြည့်နေလိုက်မိလို့ထင်တယ် ဖြေရှင်းချက်ပေးလာသည်။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...