၁၀

7.3K 382 3
                                    

အထိုးခံရတဲ့ကောင်လေးကို တောင်းပန်ဖို့အတွက် ထိုကောင်လေးအိမ်သွားရန် ကျောင်းအုပ်ကြီးဆီသို့ ခွင့်တောင်းရန် ထွက်လာကြသော လွှမ်းနဲ့ထည်ဝါ။
ပြည့်စုံကတော့ သူတို့နှစ်ဦးနောက်မှ ဖြေးဖြေးချင်းလိုက်လာလေသည်။

ရုံးခန်းထဲတွင် အသက် ၄၀ အရွယ်လောက်ရှိတဲ့ ဦးလေးကြီးနှင့် အန်တီကြီး ၁ ယောက်ရယ် လွှမ်းတို့အရွယ် ယောကျ်ားတစ်ယောက်ရယ် ထိုင်ခုံတွင်ထိုင်နေလေသည်။
ဇွဲပြည့်ဆိုတဲ့ ကောင်လေးလဲ ဘေးတွင်မတ်တပ်ရပ်နေလေသည်။

"လူလေးတို့ ထိုင်ကြပါဗျ"

ဆရာကြီးက ဧည့်ဝတ်ပြုလေသည်။
လွှမ်းနဲ့ထည်ဝါက ခုံတွင် ဝင်ထိုင်လေသည်။
ပြည့်စုံကတော့ သူ့အကိုနှစ်ယောက်ဘေးတွင် ခေါင်းလေးငုံ့ကာ ရပ်နေလေသည်။

ဇွဲပြည့်သည် သူ၏အမေရဲ့ အလိုလိုက်ခြင်းကိုခံထားရ၍ဆိုးသွမ်းချင်နေသော ကလေးဖြစ်သည်။
သို့သော်လည်း ဇွဲပြည့်အဖေကတော့ ဆိုးသွမ်းခွင့်မပေးပေ။
ထို့ကြောင့်လဲ ဇွဲပြည့်သည် အဖေရှေ့တွင် မခုတ်တတ်သောကြောင်လေးကဲ့သို့ပင်ပြုမှူနေထိုင်တတ်တယ်။
မိမိဆိုးသွမ်းနေသည်ကို အဖေဖြစ်သူက မသိချေ။
ဇွဲပြည့်အဖေမှာ သူ့မိန်းမပြောသမျှကို အလွယ်တကူယုံတတ်သော အကျင့်တော့ရှိလေသည်။
ယခုလဲ သားဖြစ်သူမျက်နှာတွင် သွေးများပေကျံကာ အိမ်ပြန်လာသည်ကို တွေ့သောကြောင့် မေးမြန်းရာမှ အကြောင်းစုံသိသောအခါ ယောကျ်ားဖြစ်သူအား သားအနိုင်ကျင့်ခံရသည်ဟု တိုင်လေသည်။

ထို့ကြောင့် ဂေဟာသို့ အမြန်ရောက်လာကာ ကျောင်းအုပ်ကြီးနှင့် စာရင်းလာရှင်းခြင်းဖြစ်ပေသည်။
ကျောင်းအုပ်ကြီးက အလုံးစုံသိထားသော်လည်း ဇွဲပြည့်အမေမှ သူမသားဘက်က အတင်းကာရောရပ်တည်ပေးနေသောကြောင့် ကျောင်းအုပ်ကြီးလဲ မပြောသာသည့် အခြေအနေတွင်ရှိလို့နေလေသည်။
လွှမ်းတို့ညီအစ်ကိုတွေ ဝင်လာတာတွေ့မှ သက်ပြင်းခိုးချကာ ပြသာနာကို အစကနေပြန်ဖြေရှင်းဖို့ကြိုးစားတော့သည်။

"မင်းက ပြည့်စုံမိုးလား
ဇွဲလေးကို ထိုးလိုက်တာမင်းလား"

အလိုမကျသည့်လေသံနှင့်ဝင်ပြောလာသည်က ဇွဲပြည့်အမေပင်။

BelongingWhere stories live. Discover now