မမျှော်လင့်ထားသော တွေ့ဆုံမှု

7.1K 434 0
                                    

နေမင်းသစ်ဂေဟာ.......

ပြည့်စုံတစ်ယောက် ညစာစားပြီးနောက် အခန်းထဲသို့ပြန်ကာ စာလုပ်ရန်ပြင်ဆင်ရပြန်သည်။
အဖြေလွှာစာရွက်ကို ခြစ်ချခဲ့တာ သူသာအသိဆုံးဖြစ်၍ ပြီးခဲ့တဲ့နွေရာသီတွင်လဲ မနားပဲ နေ့စဥ်ရက်ဆက် ပုံမှန်လေး စာလုပ်ဖြစ်၏။
သူဟာ ရည်မှန်းချက်ကြီးတဲ့သူတစ်ယောက်ဖြစ်သည်။
ဆရာဝန်ဖြစ်ရန် မျှော်မှန်းထားတာကြောင့် မနှစ်က စာမေးပွဲတွင် အမှတ်မမှီမှာသေချာနေသည့်အတွက်ကြောင့် Bio ရက်တွင် ခြစ်ချခဲ့ခြင်းဖြစ်သည်။

သေသေချာချာ စာလိုက်လုပ်ထားသည့်အပြင် စာနဲ့လဲအဆက်မပြတ်သည့်အတွက် စာများကမှတ်မိနေဆဲပင်။
ဒီနှစ်တော့ ကျူရှင်လခများဖြင့် ဆရာ့ကို အပူမကပ်ချင်တာကြောင့် ကျူရှင်မယူဖို့ဆုံးဖြတ်ထားလေသည်။
တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပြီး သူ့ရည်မှန်းချက်တွေပြည့်ဝစေရမည်ဟု ကြုံးဝါးထားလေသည်။

English paragraph တွေဖတ်ရန် စာအုပ်ဖွင့်ရင်း နေ့လည်ကဆုံတွေ့ခဲ့တဲ့ ကိုလွှမ်းက သူ့ခေါင်းထဲဝင်လာလေသည်။
သူတွေ့ဖူးခဲ့တဲ့ ယောကျ်ားများထဲတွင် ဒုတိယ Perfect အဖြစ်ဆုံးသူပင်ဖြစ်သည်။

ဘာလို့ ဒုတိယလဲလို့မေးလျှင်....

လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဂေဟာမှာ အလှူခဏခဏလာလုပ်ပေးတဲ့ အကိုကြီးက ပထမပင်ဖြစ်သည်။
အဲ့အကိုကြီးက ပိုပြီး ရင့်ကျက်သည်။
ပိုပြီးသန်မာသည်။
ပိုပြီးလူကြီးလူကောင်းဆန်သည်။
ပိုပြီးလဲ ကြည့်ကောင်းသလိုပင်။
ခဏခဏ အလှူလာလုပ်ပေမယ့်လဲ ထိုအကိုကြီး၏ အပြုံးများကို ပြည့်စုံ တစ်ခါမှမမြင်ဖူးလေ။
ခပ်တည်တည်နဲ့သာနေပေမယ့်လဲ ကလေးတွေကိုတော့ ဂရုစိုက်လေသည်။
တစ်ခါတစ်လေ ကလေးငယ်လေးတွေနဲ့အတူ ဆော့ကစားပေးတတ်လေသည်။
အသက်အရွယ်ကြီးလှပီဖြစ်တဲ့ ဦးကျော်ကိုလဲ အခါအားလျော်စွာ ကူညီပေးတတ်လေသည်။

၁၄ နှစ်အရွယ်သာရှိသေးသော ပြည့်စုံအတွက် ထိုအကိုကြီးသည် လေးစားအားကျရသော ပုဂ္ဂိုလ်ပင်ဖြစ်သည်။
ရုပ်ရည်ရူပကာ ချောမောရုံပင် မက စိတ်သဘောထားလဲပြည့်ဝလှသည်။
ယောကျ်ားတစ်ယောက်တွင်ရှိသင့်ရှိထိုက်သော ခန္ဓာကိုယ် အချိုးအစားတွေကိုလဲပိုင်ဆိုင်ထားသည်။ ယဥ်ကျေးသိမ်မွေ့၍ လူကြီးလူကောင်းဆန်လေသည်။
ပြည့်စုံ ယခုကဲ့သို့ လိမ္မာနေခြင်းဟာ ထိုအကိုကြီးကြောင့်ပင်ဖြစ်သည်။
နောက်ပိုင်းတွင်တော့ အကိုကြီးက အလုပ်မအားလို့ထင်သည် ဂေဟာသို့မလာတော့ချေ။

BelongingWhere stories live. Discover now