"ဒီနေ့ အစည်းအဝေးကို ဒီမှာပဲ အဆုံးသတ်ပါ့မယ်
ကြွရောက်လာပေးကြတဲ့ လူကြီးမင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ"စားပွဲ၏ထိပ်တွင် နေရာယူကာထိုင်နေသော်လဲ ထည်ဝါက မတ်တပ်ရပ်၍ ယဥ်ကျေးစွာပင် နှုတ်ဆက်လိုက်သည်။
ရှယ်ယာဝင်များ အသီးသီး အစည်းအဝေးခန်းထဲက ထွက်သွားချိန်တွင် ထည်ဝါ၊ မဟာ နှင့် စံပယ်သာလျှင် အခန်းထဲတွင် ကျန်တော့သည်။
"မဟာ၊ စံပယ်
ဒီနေ့ည အားကြလား
အရင်အပတ်က ပင်ပန်းခဲ့တဲ့အတွက် ကိုယ် ညစာလိုက်ကျွေးချင်လို့ပါ""ကျွန်မမှာ ချိန်းထားတာရှိသေးပါတယ် ဥက္ကဋ္ဌ
ပြီးတော့ ကျွန်မကို ညစာမကျွေးလဲရပါတယ်ရှင့်
ကျွန်မ အလုပ်တာဝန်မို့ ကျွန်မကျေပွန်အောင် ထမ်းဆောင်ပေးတာပါ"ထည်ဝါ့လက်အောက်တွင် စံပယ်ဖြူ အလုပ်လုပ်လာသည်မှာ ၂ နှစ်ပင်ပြည့်တော့မည်။
ယခုထက်ထိ စံပယ်က ထည်ဝါနှင့် အလုပ်သဘောသာဆက်ဆံပြောဆိုလေ့ရှိသည်။"ဟုတ်ပါပြီ
မင်းရဲ့ တာဝန်သိတတ်မှုကို ကိုယ်မှတ်ထားပါ့မယ်
မဟာရော""အွန်းးးးး ငါလဲ ကိစ္စရှိသေးတယ်ဟ
နောက်နေ့မှ ထပ်ချိန်းပါလား"ထည်ဝါ ခေါင်းသာငြိမ့်ပြ၍ အခန်းထဲကထွက်လာလိုက်သည်။
"သွားခွင့်ပြုပါ ဒုဥက္ကဋ္ဌ"
ခေါင်းငုံ့နှုတ်ဆက်ကာ စံပယ်ကထွက်သွားလေသည်။
....
'Ring Ring'
"ဟယ်လို ကိုခန့်လားဗျ
သားပါ""အွန်း ပြော ကလေး"
"ဟို ကိုခန့် ဘယ်ချိန်ပြန်လာမလဲသိချင်လို့ပါ
လွှမ်းနဲ့ သခင်ကို ဖုန်းဆက်တာ မကိုင်လို့
တကယ်လို့ ကိုခန့် ညစာမစားဘဲပြန်လာဖြစ်မယ်ဆို သားစောင့်နေပါ့မယ်""လွှမ်း?
လွှမ်းလို့ခေါ်လိုက်တာလား အခု""ဟုတ်~ လွှမ်းက ခွင့်ပြုထားလို့ခေါ်တာပါဗျ"
ထည်ဝါ့ အသံက အလိုမကျခြင်းတွေပါဝင်နေသည်ကို သတိထားမိသော ပြည့်စုံက အလျှင်အမြန်ပင် ပြန်ရှင်းပြလိုက်သည်။
သူ့ကို ရိုင်းသည်ဟု ထင်သွားမည်ကိုမလိုလား။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...