အခုတလော ပြည့်စုံတို့ လွတ်လပ်ရေးရနေတာ အတော်ကြာလေပြီ။
တစ်ရက်တစ်ရက်ဟာ အကိုတွေရဲ့ ဂရုစိုက်မှုတွေ၊ မေတ္တာတွေကြားထဲသာ နစ်မြုပ်နေလေသည်။
စာမေးပွဲပြီးသွားပြီမို့ လွှမ်းရဲ့စက်ကွင်းကလွတ်မြှောက်သွားသော ပြည့်စုံဟာ အရင်ထဲက လိမ္မာသူပီပီ မည်သည့်အပြစ်မှလဲ အပေးမခံခဲ့ရပေ။Eng speaking class တို့ Computer class တို့ လူငယ်သဘာဝပီပီ ဟို class ဒီ class လျှောက်တတ်နေ၍ ပြည့်စုံမှာ သူငယ်ချင်းပင် တော်တော်များနေပြီ။
သင်တန်းတွေမရှိတဲ့နေ့ဆိုရင်တော့ အကိုတွေရဲ့အလုပ်ကို လိုက်သွားကာ နှောက်ယှက်တတ်ပြန်သည်။
ပြည့်စုံအတွက် နှောက်ယှက်လို့အကောင်းဆုံးကတော့ ထည်ဝါပင်ဖြစ်သည်။
အခန်းထဲမှာသာ ထိုင်၍ အတည်တကျလုပ်ရသော ထည်ဝါ့ရုံးခန်း ဟာ ပြည့်စုံအတွက် အကောင်းဆုံးပစ်မှတ်ဖြစ်လာသည်။ယနေ့လဲ ထုံးစံအတိုင်းပင် ထည်ဝါ့ရုံးခန်းထဲတွင် ကျကျနန နေရာယူ၍ ဂိမ်းထိုင်ဆော့နေလေသည်။
ဂိမ်းဆော့နေပေမယ့်လဲ လိမ္မာတဲ့ပြည့်စုံက အလုပ်လုပ်နေသော ထည်ဝါ့ကိုတော့ စိတ်မရှုပ်ထွေးစေလိုသောကြောင့် အသံတိတ်၍သာနေသည်။"ပြည့်စုံ...ပြည့်စုံ...ပြည့်စုံမိုး!!"
နှစ်ခါ သုံးခါခေါ်ပေမယ့်လဲ ပြန်မထူးတဲ့ ပြည့်စုံကို ထည်ဝါက စိတ်မရှည်တော့ပဲ နာမည်အပြည့်အစုံကို လေသံမာမာနဲ့အော်လိုက်သည်။
"ဗျ..ဗျာ"
"အယ်..မမနှင်းးမင်္ဂလာပါဗျ"
ဂိမ်းထဲအာရုံရောက်နေတာနဲ့ မမနှင်းရောက်နေတာလဲမသိလိုက်သလို ခန့်ခေါ်တာလဲမကြားလိုက်ပေ။
တင်ပလေခွေတင်ထားသော ခြေထောက်တွေကို ခုံအောက်ပြန်ချကာ အိန္ဒြေရှိရှိပြန်ထိုင်လိုက်ရသည်။
ခန့်ဘက်လှည့်ပြီး မျက်နှာချိုသွေးလိုက်ဖို့လဲမမေ့။ခန့် မျက်နှာအနေအထားက အချိုးတွေပြင်ထားဆိုသည့် ပုံစံမျိုးပင်။
"ကလေးရှိနေတာ အတော်ပဲ
မမက မင်းလေးနဲ့ပတ်သတ်တဲ့ သတင်းကောင်းယူလာပေးတာ""ဟုတ် မမနှင်း"
"လွှမ်းက ကြည့်ခိုင်းထားလို့ မဟာက အောင်စာရင်းသွားကြည့်ပေးလာတာ
အခုသိချင်လား အောင်စာရင်းထွက်တဲ့နေ့ကိုစောင့်မလား"
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...