"ကဲ အခု စိတ်ငြိမ်သွားပြီလား"
"ဟုတ်"
ညစာစားပြီးတော့ သခင်က လေသံမာမိတာကို တဖွဖွတောင်းပန်ရင်း ကျွန်တော့်ကို စိတ်သက်သာရာရအောင် ချော့မြူခဲ့သည်။
ခန့်ကကားမောင်းကာ လွှမ်းက lover seat တွင်ထိုင်၍ သခင်နှင့် ကျွန်တော့်ကို နောက်တွင် နှစ်ယောက်ထဲထားလေသည်။အခုတော့ လွှမ်းကိုရော ခန့်ကိုပါ အခန်းထဲမဝင်ခိုင်းဘဲ ကျွန်တော်နှင့် သခင်နှစ်ယောက်ထဲသာ သခင့်အခန်းထဲရောက်လို့နေသည်။
သခင်က ကုတင်ပေါ်တွင်ထိုင်နေ၍ ကျွန်တော်ကတော့ သခင့်ရှေ့မှာ အလိုက်တသိပဲ ဒူးထောက်နေလိုက်သည်။အခုလို စိတ်တည်တည်ငြိမ်ငြိမ်ဖြစ်မှ ပြန်စဉ်းစားလိုက်တော့ ကျွန်တော်ဟာ အမှန်ကိုပင် လူဆိုးလေးတစ်ယောက်ဖြစ်နေခဲ့ပြီပဲ။
လုပ်ချင်ရာလုပ်ထားပြီးမှ သတ္တိကြောင်ကာ ရှောင်ပြေးဖို့ ကြိုးစားခဲ့သည်။
ထို့အပြင် သခင့်ကို မလေးမစားလဲဆက်ဆံခဲ့သေးသည်။
ဒီလောက် ဆိုးသွမ်းခဲ့မှတော့ သခင်က ကြိမ်လုံးနဲ့ အချက် ၁၀၀ လောက်ရိုက်မယ်ဆိုလဲ အရိုက်ခံသင့်သည်။"သခင်
သား အပြစ် သားသိလာပါပြီ
သခင့်ကို လိမ်ခဲ့မိပါတယ်
သခင့်ကို မလေးမစားဆက်ဆံခဲ့ပါတယ်
အပြစ်လုပ်ထားပြီး ရှောင်ပြေးဖို့ကြိုးစားခဲ့မိပါတယ်
သား အပြစ်တွေအများကြီးလုပ်ခဲ့ပြီး သခင့်ကိုဒေါသထွက်စေခဲ့ပါတယ်
သား တောင်းပန်ပါတယ်
သားကို အပြစ်ပေးပါ
သားက... ပြင်းပြင်းထန်ထန် အပြစ်ပေးခံသင့်ပါတယ်"ဒီလို စကားတွေတစ်သီကြီးပြောကာ တောင်းပန်လိုက်တဲ့ကောင်လေးကြောင့် ရှိန်းစိတ်သက်သာရာရတော့သည်။
ဒီကောင်လေးရဲ့ စိတ်အခြေအနေပုံမှန် ပြန်ဖြစ်သွားလို့တော်သေးသည်။
ခုနကလို ပုံစံလေးက သူ့ကိုတကယ် စိတ်ဘဝင်မကျဖြစ်စေသည်။
နောက်ဆို ဒီကောင်လေးအပေါ် လေသံမာလို့မဖြစ်ဘူးပဲ။"သခင်
သား ကြိမ်လုံးသွားယူပေးပါ့မယ်"ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေ၍ ကလေးငယ်ကို စကားမပြောမိတာကို ဘယ်လိုထင်သွားလဲမသိ ကြိမ်လုံးယူပေးမယ်ဆိုကာ အခန်းထဲကထွက်သွားလေရဲ့။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...