"အန်တီအေးဆီက ကြိမ်လုံးသွားယူလာခဲ့"
ဘယ်အချိန်ကပြန်ရောက်လာမှန်း မသိလိုက်တဲ့ သခင်က ဧည့်ခန်းထဲတွင် ရုပ်ရှင်ကြည့်နေသော ကျွန်တော့်ကို မြင်မြင်ခြင်း ကြိမ်လုံးကိုရှာလေရဲ့။
သခင့်အသံကြားကြားချင်း မတ်တပ်အမြန်ရပ်ကာ အနားသို့လျှောက်သွားလိုက်ရင်း ဒူးထောက်ချလိုက်သည်။
ကျေးဇူးပြုပြီး တပည့်တော်ကို ကယ်ပါဦး အရှင်ဘုရား"မလုပ်.... လုပ်ပါနဲ့ သခင်
သား မရည်ရွယ်ဘဲ ပြောမိတာပါ
ခွင့်လွှတ်ပေးပါ ဟင့်""မင်း မရည်ရွယ်ဘဲပြောခဲ့တဲ့ မုသားတွေက ဘယ်နှစ်ခါရှိပြီတုန်း
ကိုယ် မကြိုက်ပါဘူးလို့ အတန်တန်မှာထားရဲ့နဲ့ မင်းပါးစပ်က အလိမ်အညာတွေက လွယ်လင့်တကူ ထွက်ကျလာနေတုန်းပဲ"သခင်က ဧည့်ခန်းက ဆက်တီပေါ်တွင် ဝင်ထိုင်ကာ necktie ကို လက်နဲ့ခပ်ကြမ်းကြမ်း ဖြေလျော့ရင်း စကားပြောလာသည်။
ယခု သခင့်ပုံစံက အရမ်းဆွဲဆောင်မှုရှိလှသည်။
ဒေါသထွက်နေပုံက သခင့်ကို ပိုပြီးကြည့်ကောင်းစေသည်။
Fangirl တွေသာ ယခုပုံစံကိုတွေ့ရင် မေ့လဲသွားနိုင်သည်။
သို့သော်လည်း ပြီးပြည့်စုံလှသည့် သခင့်ရဲ့ပုံရိပ်ကို ကြာကြာမငေးနိုင်။
သခင် ဒီထက်ပိုပြီး မပေါက်ကွဲဖို့အတွက် နည်းလမ်းရှာရမည်။"သား တောင်းပန်ပါတယ် သခင်
သခင်က မအားဘူးဆိုလို့ အနှောင့်အယှက်မပေးချင်လို့ပါ
မကောင်းတဲ့ သဘောနဲ့ ညာတာလုံးဝမဟုတ်ပါဘူး""အဲ့တော့ မင်းမှာ အပြစ်မရှိဘူးပေါ့?"
ကျွန်တော့် မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင်းသခင်ကပြောလာတော့
"မဟုတ်ပါဘူး
သားမှာ အပြစ်ရှိပါတယ်
သခင့်ကို လုံးဝမညာရဘူးလို့ ပြောထားပေမယ့် သားက သခင့်စကားကို ဂရုမစိုက်ဘဲ ညာမိပါတယ်
သားအမှားပါ
ဒါပေမယ့်လဲလေ ဒီတစ်ခါလေးခွင့်လွှတ်ပေးပါလားဗျာ
သားနောက်လုံးဝ ထပ်မဖြစ်စေရပါဘူး
ကတိပေးပါတယ်ဗျ နော် သခင် နော်"အခုချိန်မှာ သခင့်ဆီက အရိုက်မခံရဖို့က ပိုအရေးကြီးလေသည်။
လွှမ်းတို့ ခန့်တို့က ကျွန်တော် မျက်ရည်ဝဲလာရင်ပင် အလျော့ပေးချင်လာကြသည်။
သခင်ကတော့ အဲ့လိုမဟုတ်။
ဒီလောက် အရိုက်ခံသင့်သည်ဟု တွေးထားရင် သေချာပေါက် အဲ့လောက်ထိရိုက်တတ်သည်ဟု ခန့်ကပြောပြထားဖူးသည်။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...