၁၁

6.9K 390 12
                                    

Hope Entertainment....

"ဆရာ
မင်းသမီးက ကားအက်စီးဒန့်ဖြစ်လို့ ဒီနေ့ရှူတင်မရှိတော့ပါဘူးလို့ ဖုန်းဆက်လာပါတယ်"

အတွင်းရေးမှူး မြတ်သူက သူ၏သူဌေးဖြစ်သူ ရှိန်းသခင် အားလာအကြောင်းကြားလေသည်။
အချိန်ကား အများသူငါရုံးဆင်းချိန် ညနေပင်စောင်းနေလေပြီ။
သို့သော် Hope entertainment ၏ ပိုင်ရှင်လဲဖြစ် နာမည်ကြီးမင်းသားတစ်ယောက်လဲဖြစ်သော ရှိန်းသခင်ကတော့ ယခုချိန်ထိ အလုပ်ထဲ နစ်မြောနေဆဲဖြစ်ပေသည်။
ညပိုင်းတွင် ရှူတင်တစ်ခုရှိသေးသည့် အတွက် အိမ်ပြန်မနေတော့ပဲ entertainment မှာသာနေကာ အလုပ်များကို စီမံခန့်ခွဲနေခြင်းဖြစ်သည်။

သို့သော် ယခုတော့ ကြုံတောင့်ကြုံခဲ နားချိန်လေးရလာလေပြီ။
ဒီလို အားလပ်ချိန်ကို အလဟသ မဖြစ်စေချင်။
ညီနှစ်ယောက်ကို အချိန်ပေးရမည်ဟု တွေးမိကာ လွှမ်းဆီကို ဖုန်းခေါ်လိုက်သည်။

"အေး မင်းတို့ ပြန်လာနေပြီလား"

"အမ်း....
ငါတို့ ဒီမှာ ရက်အနည်းငယ်လောက်နေချင်လို့"

"ဆိုလိုချင်တာက အပြင်မှာ ညအိပ်မယ်ပေါ့"

"အွန်းးးးး ရတယ်မလား...."

"မိဘမဲ့ ဂေဟာမှာပဲနေမယ်ဆိုတာ သေချာလား"

"သေချာတယ် ထည်ဝါလဲရှိတယ်
ပေါက်ကရမလုပ်ပါဘူး စိတ်ချ"

"OK လေ"

ရှိန်းသည် စည်းကမ်းကြီးသူတစ်ယောက်ဖြစ်သည်။
အပြင်မှာ ညအိပ်တာတို့ တခြားသူဌေးတွေလို မိန်းမလိုက်စားတာမျိုး စည်းမဲ့ကမ်းမဲ့ သုံးဖြုန်းနေသည်များကို လုံးဝမကြိုက်ပေ။
ထို့ကြောင့် သူ့နည်းတူစွာပင် ညီနှစ်ယောက်ကိုလဲ စည်းကမ်းရှိအောင် ထိန်းကျောင်းခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလောက အနုပညာရှင်လောကတွင် ရှိန်း၏ ဂုဏ်သတင်းကမွှေးပျံ့လေသည်။
မြင်သူတကာ ငေးကြည့်ရလောက်သည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားသည့်အပြင် အရှူပ်အရှင်းကင်းသော လူငယ်သူဌေးတစ်ယောက်လဲဖြစ်ပေသည်။

စည်းကမ်းအလွန်ရှိ၍ နှိမ့်ချတတ်သူလဲဖြစ်သည်။
လက်အောက်ငယ်သားများ အပေါ်တွင်လဲ စည်းစနစ်ကျစွာ စီမံအုပ်ချုပ်နိုင်သူဖြစ်သည်။

BelongingWhere stories live. Discover now