၁၉

7.1K 358 28
                                    

"ကျွန်မကို ဝင်ခွင့်ပြုပါ ဥက္ကဋ္ဌ"

နှင်းမဟာ၏ ပင်ပန်းနွမ်းနယ်နေပုံကို မကြည့်ရက်သော စံပယ်က ဒီရက်ပိုင်းအတွင်း နက်နက်နဲနဲစဥ်းစားပြီးသည့်နောက်တွင်တော့ နွယ်ရဲ့အလုပ်တွေကို ဝင်ရောက်ကူညီရန် ဆုံးဖြတ်ချက်ချလိုက်သည်။

"စံပယ် လာတာအတော်ပဲ
အစည်းအဝေးက နေ့လည်မှရှိတာမလား
ညကမအိပ်ရသေးလို့ ခုအားတုန်းလေး ခဏနားမလို့
အရေးကြီးကိစ္စမဟုတ်ရင် စံပယ်ပဲကြည့်ရှင်းထားပေးပါဦး
တကယ်လို့ စံပယ် အဆင်မပြေရင် ကျွန်တော့်ကို အချိန်မရွေးလာနှိုးလို့ရတယ်
အားနာစရာမလိုဘူး"

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ
ကျွန်မကို အချိန်နည်းနည်းလောက်ပေးလို့ရမလားရှင့်
တိုင်ပင်စရာလေးရှိလို့ပါ
အတိအကျပြောရရင်တော့ အကူအညီတောင်းချင်လို့ပါရှင့်"

အလုပ်ကိစ္စမှလွဲ၍ ကျန်သည့်ကိစ္စများ မပြောဖူးသောသူဖြစ်တာကြောင့် စံပယ်အကူအညီတောင်းမည့် ကိစ္စသည် အရေးကြီးတာဖြစ်မည်မှန်း ထည်ဝါရိပ်မိပါသည်။
အလုပ်တွဲလုပ်လာသော ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဤသို့အကူအညီတောင်းဖူးခြင်းဖြစ်တာကြောင့် တတ်နိုင်သည့်ကိစ္စဆိုလျှင် ထည်ဝါ့ဘက်မှ ကူညီပေးဖို့အသင့်ပင်။

" ကျွန်မ ဒုဥက္ကဋ္ဌရဲ့ အလုပ်ကိုလဲ တတ်နိုင်သမျှဝင်ကူညီချင်လို့ပါ
ရုတ်တရက်ကြီးမို့ ဥက္ကဋ္ဌ အံ့သြသွားမယ်ဆိုတာ နားလည်ပါတယ်
မဖုံးကွယ်ဘဲပြောရမယ်ဆိုရင် ကျွန်မနဲ့ ဒုဥက္ကဋ္ဌတွဲနေတာ တစ်နှစ်ကျော်နေပါပြီ
နွယ် အဲ ဒုဥက္ကဋ္ဌ တစ်ယောက်ထဲ အတွင်းရေးမှူးမရှိပဲ ပင်ပန်းနေရတာကို ကျွန်မ မကြည့်ရက်လို့ပါ
ဥက္ကဋ္ဌကလဲ အလုပ်များကြောင့် အခုလိုပဲ ဥက္ကဋ္ဌရဲ့ အလုပ်တွေရော ဒုက္ကဋ္ဌရဲ့ အလုပ်ကိုရော အတူတူ ကူညီပေးချင်လို့ပါ
ကျွန်မ အရင်ထက် အလုပ်ချိန်ပိုတိုးပြီးလုပ်ပါ့မယ်"

"စံပယ်က ကျွန်တော့်အတွင်းရေးမှူးအနေနဲ့ဆက်လုပ်မယ်
ဒါပေမယ့် မဟာ့ အလုပ်ကိုလဲကူပေးမယ်
အဲ့လိုပြောချင်တာလား
အဲ့ဒါဆိုရင်တော့ ကျွန်တော့်အတွက်က အဆင်ပြေပါတယ်
စံပယ်က ပိုပင်ပန်းမှာပေါ့"

BelongingWhere stories live. Discover now