နေမင်းသစ် မိဘမဲ့ဂေဟာ......
ထည်ဝါ့၏ အကြံပေးမှူကြောင့် လွှမ်းတစ်ယောက် ဒီနယ်မြို့လေးသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အပြင်ကကြည့်လျှင်တော့ ဂေဟာလေးက သပ်သပ်ရပ်ရပ်ရှိလှသည်။
ခြံထဲမှာဆော့ကစားနေသော ကလေးများကိုလဲ တွေ့နေရသည်။
အနားနားမှာရှိတဲ့ ကလေးလေးကို အော်ခေါ်၍"ကောင်လေးရေ ဟေ့ ကောင်လေး"
ထိုကောင်လေးနဲ့ သူငယ်ချင်းနှစ်ယောက်လောက် လွှမ်းဆီသို့ ပြေးလာကြသည်။
"ဦးဦးက အလှူရှင်လားဟင်"
အလှူရှင်တွေနဲ့ ခဏခဏ စကားပြောဖူးကြသည့်ကလေးများဖြစ်သောကြောင့် သွက်သွက်လက်လက် ပြောရဲဆိုရဲရှိကြသည်။
"အွန်း ဟုတ်တယ် ကောင်လေး လူကြီးတစ်ယောက်ယောက်ခေါ်ပေးပါလား ဦးဦး စကားပြောချင်လို့"
"ဆရာ အထဲမှာရှိတယ်ဗျ ဦးဦး
သားတံခါးဖွင့်ပေးပါ့မယ်"တံခါးကိုဆွဲဖွင့်ရင်း ပြန်ပြောလာသည့် ကလေးငယ်။
"ဟိတ် ဟိတ် ဦးက ဘယ်သူလဲမှန်းသေချာမသိဘဲ တံခါးဖွင့်ပေးလို့မရဖူးလေ
လူဆိုးကြီးဆို ဘယ်လိုလုပ်မလဲ
ဦးက ကလေးတို့ကိုအနိုင်ကျင့်မှာမကြောက်ဖူးလား"ထိုအခါမှ ကောင်လေးက ခဏကြာ စဥ်းစားခန်းဝင်လေသည်။
"အာ ဦးက ဒီလောက်ချောတာ လူဆိုးကြီးမဖြစ်နိုင်ပါဘူး ပီးတော့ ဦးပဲ အလှူရှင်ဆို"
ထိုအချိန် ခြံနောက်မှ ဦးကြီးတစ်ယောက်ထွက်လာကာ
"လူလေး ......ဘာကိစ္စရှိလို့လဲကွဲ့"
"ဒီက ဦးဦးက အလှူရှင်တဲ့ ဦးလေးကျော်
ပီးတော့ သူ့ကိုယ်သူလူဆိုးကြီးလို့လဲပြောသေးတယ်"စူပုတ်ပုတ်နဲ့ ပြန်ပြောနေသော ကောင်လေးကိုကြည့်ပီး လွှမ်းအသံထွက်၍သာ ရယ်မိသည်။
ဦးကြီးကတော့ အနည်းငယ် ရှူပ်ထွေးသွားတဲ့ မျက်နှာနှင့်လှမ်းကြည့်လေသည်။"ဦးက အလှူရှင်ဆိုတာဟုတ်ပါတယ်
ဒါပေမယ့်လူဆိုးကြီးတော့မဟုတ်ပါဖူးကွာ
ဦးကရန်ကုန်ကလာတဲ့ ဆရာဝန်ပါ
ကလေးတို့တွေ နေမကောင်းရင် ဆေးကုပေးဖို့ လာခဲ့တာပါကွာ"
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...