၃၉ (unicode)

6.9K 272 10
                                    

တစ်ကိုယ်လုံးညောင်းညာကိုက်ခဲပြီး ရီဝေဝေနှင့် နိုးထလာသော ပြည့်စုံ။
အခန်းတွင်းသို့ သိသိသာသာ ဝင်ရောက်နေသော နေရောင်ခြည်ကို မြင်တော့ ပြည့်စုံတစ်ယောက် အလန့်တကြားနဲ့ နာရီထကြည့်မိပါလေရော။

၈ နာရီ!!! သေပြီ သေပြီ သခင်ကတော့ ကျွန်တော့်ကို အသေရိုက်တော့မှာပဲ။
မနက်တိုင်း သခင်နဲ့တူတူ လေ့ကျင့်ခန်းလုပ်ပါ့မယ်လို့ ကတိပေးထားတာလေ။
အပြေးအလွှားမျက်နှာသစ် သွားတိုက်ရင်း အတွေးထဲပြန်ပေါ်လာတာက 4 D ကိစ္စ။
ခန့်ရုံးခန်းထဲမှာတင် အိပ်ပျော်သွားတဲ့ ကိစ္စ။
ဒီနေ့တော့ ၃ ယောက်လုံးကို မိုးမီးလောင်အောင်လုပ်မိပြီထင်ပါရဲ့။
ရှင်းတော့ဟ ပြည့်စုံမိုးရ။

ထမင်းစားခန်းထဲသို့ အသည်းအသန်ပြေးဝင်သွားလိုက်ပေမယ့် ၃ ယောက်လုံးက သူ့ဘက်တောင် လှည့်မကြည့်ဘဲ အေးဆေးစွာ မနက်စာစားနေသောကြောင့် ပြည့်စုံတော်တော်လန့်နေရပြီ။
အရှိန်သတ်ကာ ရှိန်းဘေးနားတွင် ကုပ်ကုပ်ကလေးရပ်၍ စကားစပြောလိုက်သည်။

"သားတောင်းပန်ပါတယ်ဗျ"

"ဟိုလေ သား...သား...မှားသွားပါတယ်..
အပြစ်ရှိပါတယ်"

ပြည့်စုံ ဘယ်လိုပြောပြောလှည့်မကြည့်ကြပေ။
ငိုမဲ့မဲ့ ဖြစ်နေသော ပြည့်စုံက ရှိန်းရဲ့ လက်မောင်းကို ကိုင်လှုပ်ကာ ထပ်မံတောင်းပန်မိတဲ့အခါ ပြန်ရလိုက်တဲ့ အကြည့်တစ်ချက်က သူ့ကို အမှောင်ထုထဲဆွဲသွင်းသွားလေသည်။
လှုပ်မရပြုမရနှင့် ပါးစပ်ကဘယ်လောက်ပင် အော်ဖို့ကြိုးစားပါလေ အသံကထွက်မလာပေ။
မျက်ရည်များဖြိုင်ဖြိုင်ကျကာ အမှောင်ထုထဲက ရုန်းထွက်ဖို့ကြိုးစားနေပေမယ့်လဲ အရာမဝင်။

"ပြည့်လေး ပြည့်လေး...ပြည့်လေး!!!"

အိပ်ရာပေါ်ကကောင်လေးက ရုန်းကန်လာတာကိုတွေ့၍ ကုတင်နားလာကြည့်တော့ မျက်ရည်ဗရပွနဲ့ ကောင်လေးကိုတွေ့လိုက်ရသည်။
မကောင်းတဲ့အိပ်မက်တွေ မက်နေတယ်ထင်ပ။

"အမ်....ဟမ်"

ဆတ်ခနဲ မျက်လုံးပွင့်လာကာ ချက်ချင်းပြန်ပိတ်လိုက်တဲ့ကောင်လေး။
အလင်းရောင်ကြောင့် မျက်စိကျိန်းသွားတယ်ထင်ပ။

BelongingWhere stories live. Discover now