ဆည်းဆာစံအိမ်ဝယ်.......
ညနေ ၆ နာရီကျော်လို့ အိမ်တွင် အလုပ်သမားဆိုလို့ ရှာလို့ပင် မတွေ့တော့ပင်။ ရှိန်းရယ် လွှမ်းရယ် ထည်ဝါရယ် ပြည့်စုံရယ် အန်တီအေးရယ်သာ ရှိလေသည်။
ဒီအချိန်ပေါ့ ပြည့်စုံကို အပြစ်ပေးလို့ အကောင်းဆုံးအချိန်။
ဆိုးဝါးလှသည်မဟုတ်ပေမယ့် မကောင်းလှသည့် အမှတ်စာရင်းကြောင့် ပြည့်စုံမိုး ရင်တုန်နေရသည်မှာ အိမ်ပြန်ရောက်ထဲကပင်။
အမှတ်စာရင်းကို သိနှင့်ပြီးသားဆိုတာ သေချာတဲ့ လွှမ်းကလည်း ဆေးရုံက ပြန်လာထဲက အေးအေးဆေးဆေးသာနေနေသည်။'ဘာလို့လဲ တစ်ယောက်ယောက်ခေါ်ဆူလိုက်ပါလား
နေရတာ ကျောမအေးလိုက်တာ'အကိုတွေနဲ့ နေတာကြာလာတာနဲ့အမျှ အဆူမခံရရင် နောက်ကျောမလုံတော့ချေ။
မတတ်နိုင် လွှမ်းနဲ့စကားပြောမှဖြစ်တော့မယ်။" သား ဝင်လာလို့ရလား လွှမ်း "
"လာလေ ကလေးရဲ့ "
Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ လွှမ်းက ပြည့်စုံကို ချိုချိုသာသာပဲ ပြန်ဖြေလိုက်တယ်။
" သား Test 1 အမှတ်ထွက်ပြီနော် လွှမ်း သိတယ်မလား
မဆူဘူးလားဟင် "လွှမ်းဘေးမှာသွားရပ်ပြီး မဝံမရဲ ပြောနေတဲ့ ပြည့်စုံရယ်
" ဟမ် ဘာကိုဆူရမှာတုန်း
အမှတ်ကောင်းတယ်လေ ကလေးရဲ့ "အူကြောင်ကြောင်နဲ့ပြန်မေးလာတဲ့ လွှမ်း။
" ဟုတ်ဘူးလေ ဂုဏ်ထူးမပါဘူးလေ
သားက လွှမ်းစိတ်တိုမယ်ထင်နေတာ "ပြည့်စုံရဲ့ စကားကြားပြီး ရယ်ချလိုက်သည့် လွှမ်းသူရိန်။
" ဟဟ ကောင်လေးရယ်
ဆေးကျောင်းမှာ ဂုဏ်ထူးမပါလည်းရပါတယ်ကွာ
မင်း စာလုပ်တဲ့ ပုံစံကိုကြည့်ထဲက ဂုဏ်ထူးမပါဘူးဆိုတာ သိပြီးသား
အဓိကက စာကိုနားလည်ဖို့ပဲ ပြီးတော့ တက္ကသိုလ်ကို တခြားလူငယ်တွေလို ပျော်ပျော်ရွှင်ရွှင်တက်ဖို့ပဲ
တစ်နှစ်တစ်တန်းပုံမှန်အောင်နေရင် ရပြီ
အမှတ်က အရေးမကြီးပါဘူးကွယ်
တစ်ချို့တွေ စာတော်ပြီး သွေးမြင်ရင်မူးလဲတာတို့ ဘာတို့မကြားဖူးဘူးလားကွယ်
Physician ဖြစ်မယ်ဆိုရင်တော့ အဲ့ဒါက အရေးမကြီးပေမယ့် Physician ဖြစ်ဖို့ကလည်း စာတွေချည်းပဲကျက်ရမှာဆိုတော့ မလွယ်ဘူးပေါ့
မင်းက အရိုးအကြောဆရာဝန်လုပ်မှာဆို
တက္ကသိုလ် ဘဝကို ပျော်ပျော်သာ ဖြတ်သန်း
အပျော်လွန်ပြီးတော့ အပျက်တော့မဖြစ်စေနဲ့ပေါ့
မင်းကို မင်းထိန်းသိမ်းနိုင်မယ်လို့ ကိုယ်ယုံတယ်
ဟုတ်တယ်မလား ကောင်လေး"
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...