8K 427 2
                                    

"ဘာတွေ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မင်းကိုယ်တိုင် ကျောင်းအုပ်ကြီးကို အသေးစိတ် ရှင်းပြပြီး အပြစ်ဒဏ်တောင်းခံ။
ဟုတ်ပြီလား"

လေသံအေးအေးနဲ့ပြောလာသော ကိုကြီးက
ခုနကလောက်တော့ လေသံမမာတော့ပေ။
နဲနဲစိတ်ဆိုးပြေသွားသည်လို့တော့ထင်ရတာပဲ။

"ဟုတ်ကဲ့ ကိုကြီး"

'Knock Knock'

"ဝင်လာခဲ့ပါ"

"လူလေးထည်ဝါ
မတွေ့တာတောင်ကြာပြီ
ဒီအတောအတွင်းအဆင်ပြေရဲ့လား
မင်းတစ်နှစ်နီးပါးလောက်ပျောက်သွားတော့ ကလေးတွေက မင်းကိုသတိရနေကြတာကွ"

"ဟုတ် ကျွန်တော် အဆင်ပြေပါတယ်ဗျ
အလုပ်ကိစ္စတွေရှူပ်နေလို့ ဒီကိုမလာဖြစ်တာ
ခွင့်လွှတ်ပါဗျာ"

"ဟမ်
ပြည့်စုံ ဘာကိစ္စရှိလို့တုန်း"

ကိုကြီးနဲ့စကားပြောကောင်းနေတဲ့ ဆရာက ကျွန်တော့်ကိုတွေ့ပုံမပေါ်။
ထို့ကြောင့် ကိုကြီးနောက်နားမှာ ကွယ်နေရာမှ ဘေးလေးနဲနဲတိုးကာ ဆရာမြင်ရအောင်နေရာရွှေ့ပေးလိုက်ကာမှ သူ့ကိုမြင်သွားလေသည်။

"ဟို..ဟို...".

တကယ်တမ်းပြောဆိုတော့ ဘာပြောလို့ပြောရမှန်းမသိ။
ဘယ်ကစရမလဲမသိ။
အထစ်အထစ်ဖြစ်နေလေသည်။
ကိုကြီးက ခပ်စူးစူးတစ်ချက်ငုံ့ကြည့်ကာ ကျွန်တော့်လက်ကိုဆွဲကာ သူ့အရှေ့ရောက်အောင်တွန်းပို့လေသည်။
လက်ကလေးနှစ်ဖက်ကို အသာပွတ်၍ ခေါင်းလေးငုံလျက်

"သား ရန်ဖြစ်ခဲ့ပါတယ် ဆရာ
ရန်ဖြစ်တာမကောင်းမှန်း သိပါတယ်
ဘယ်လိုဖြစ်သွားလဲမသိလိုက်ဘူး
သားကိုယ်သားမထိန်းချုပ်နိုင်ဖြစ်သွားတာပါ
သားမှာအပြစ်ရှိပါတယ်
သားကို အပြစ်ပေးပါဗျ"

ခေါင်းငုံ၍သာ ဒီတိုင်းရပ်နေလိုက်မိသည်။
အတော်ကြာသည့်အထိ ဆရာ့ဆီမှ တုန့်ပြန်မှူမလာသောကြောင့်

"ဟို...ဆရာ...
သားတောင်းပန်ပါတယ်"

"ဘာကိစ္စကြောင့်ရန်ဖြစ်တာလဲ"

ကိုကြီမှမေးလာခြင်းဖြစ်သည်။

"မင်းရန်ဖြစ်ရတဲ့အကြောင်းကို အသေးစိတ်ရှင်းပြလို့ပြောထားလားမပြောထားဖူးလား"

BelongingWhere stories live. Discover now