၂၂

7.5K 373 35
                                    

ဆေးရုံရဲ့ အရေးပေါ်ဌာနဆိုတော့ အရာအားလုံးက ရှုပ်ထွေးနေသည်။
အော်ဟစ်နေတဲ့ လူနာများ၊ ငိုကြွေးနေတဲ့ လူနာရှင်များ၊ ပြေးလွှားနေကြတဲ့ သူနာပြုများ၊ ဆရာဝန်များနှင့် ခေါင်းမူးချင်စရာကောင်းလှသည်။

"ကဲ ဒဏ်ရာရတဲ့ ကလေးလဲ ဆေးကုပေးသွားပြီးပြီ
မင်းတို့ အိမ်ဖုန်းနံပါတ်တွေပေး
အိမ်ကိုခေါ်ရမယ်လေ"

သုခဒဏ်ရာပျောက်ဖို့သာ စိတ်ရောက်နေ၍ ဆေးရုံအမြန်ပို့ရန် တောင်းဆိုခဲ့သော်လည်း Sunflower ဆေးရုံကိုရောက်လာလိမ့်မည်ဟုတော့ ပြည့်စုံမတွေးမိချေ။
အနီးအနားမှာ Sunflower သာရှိသည်ကို ပြည့်စုံမေ့နေလေသည်။

ဒီလိုအချိန်ကျမှ လွှမ်းကလဲ နယ်မှာ လုပ်အားပေးသွားဆင်းလေသည်။
ရန်ဖြစ်တာမကြိုက်သော ခန့်နှင့် သူတစ်ယောက်ထဲရင်ဆိုင်ရတော့မည်။
စစတွေ့ချင်းတုန်းက တစ်ခါသာ ခန့်၏ဒေါသနှင့် ရင်ဆိုင်ခဲ့ရပေမယ့် အိမ်ကိုရောက်ကတည်းက ခန့်ကသူ့အပေါ် ဒေါသမထွက်ခဲ့။

"ဟို ဦးလေးကြီး
သားမှားတာ မဟုတ်ပါဘူး
သား သူငယ်ချင်းကို အနိုင်ကျင့်နေတာတွေ့လို့ ဝင်ထိုးမိတာပါ"

"ဟက်"

ရယ်သံက ဟိန်းမာန်ဆီက ထွက်လာခြင်းဖြစ်သည်။
ခုနက ထိုးကြိတ်နေတုန်းကနဲ့ ခြားနားစွာ ပြည့်စုံက လူကြီးတွေနဲ့စကားပြောတာ အရမ်းကလေးဆန်လွန်းနေသောကြောင့်ဖြစ်သည်။
'သား'ဆိုတဲ့ အသုံအနှုန်းကို ဟိန်းမာန်အရယ်ချင်ဆုံးပင်။
သုခလို ကောင်လေးတောင် ကိုယ့်ကိုယ်ကို 'ကျွန်တော်'လို့သုံးနှုန်းနေတဲ့ဟာ ဒီ​ကောင်က ကြီးကောင်ကြီးမားနဲ့ 'သား' တဲ့လား။

"ဟမ် မင်း အနိုင်ကျင့်တာမဟုတ်ဘူးလား
ဒီကောင်လေးကို ကြည့်ဦးလေ
သူ့မျက်နှာမှာ ဒဏ်ရာတွေကြီးပဲ
မင်းက အဲ့လောက်မှ မထိထားဘဲ
ထွက်ပြေးသွားတဲ့ နှစ်ယောက်ကလဲ မင်းသူငယ်ချင်းမဟုတ်ဘူးလား"

"ဗျာ...မဟုတ်ပါဘူးဆို"

တစ်ယောက်ချင်းထိုးတုန်းက ကိုယ့်ဘက်က သာနေသည်မို့ တစ်ဘက်လူကို အပီထိုးခဲ့တာကိုတောင် နောင်တရချင်လာပြီ။
သုခကို ကန်ကြောက်နေကြသည်ကိုတွေ့၍ ကိုယ့်ဒေါသကိုယ်မထိန်းနိုင်ခဲ့ခြင်းက ကိုယ်ကိုတစ်ဖန် အနိုင်ကျင့်သူအဖြစ် အထင်ခံရစေသည်။

BelongingWhere stories live. Discover now