၂၃

7.2K 396 30
                                    

"ခန့် ~
စိတ်ဆိုးမပြေသေးဘူးလားဟင်
သားကို စကားပြန်ပြောပါဦး
ခန့်...လို့."

အိမ်သို့ပြန်ရောက်လာပေမယ့်လဲ ခန့်ကအခုထိ စကားမပြောဘဲ ရုပ်တည်ကြီးနဲ့သာ နေနေလေသည်။
ပုံမှန်ဆို အပြစ်ပေးပြီးရင် အမြဲပြန်ချော့တတ်တဲ့ ခန့်က အခုတော့ ကျွန်တော့်ကို မသိချင်ယောင်ဆောင်နေလေသည်။

အပြစ်ပေးတာလဲ လိမ်လိမ်မာမာနဲ့ ခံယူခဲ့တယ်လေ။
တစ်ခွန်းမှလဲ အထွန့်မတက်ဘဲ ခန့်ဆူသမျှကို ခေါင်းငြိမ့်ပေးခဲ့တာပဲကို။
အာ့ကို ဒီကိစ္စက အဲ့လောက်စိတ်ဆိုးစရာလိုလို့လားဟု စိတ်ကောက်ချင်သော်လည်း ခန့်မျက်နှာက တည်တင်းနေတာကြောင့် စိတ်လဲမကောက်ရဲပေ။

ကျွန်တော့်မှာ ဟိုဟာနေရာမရသလို ဘယ်သွားလို့ ဘာလုပ်ရမလဲကို မသိတော့ပေ။
အိမ်မှာလဲ အန်တီအေးကလွဲရင် ဘယ်သူမှမရှိ။
လွှမ်းကလဲ ညနက်မှပြန်ရောက်မည်တဲ့။
သခင်ကလဲပြန်မရောက်သေးပေ။
ဘယ်သူ့မှလဲ အကူအညီတောင်းမရ။

ခန့် စိတ်ဆိုးမပြေမချင်း ကျွန်တော်လဲနေသာထိုင်သာရှိမှာမဟုတ်၍ ချော့ဖို့ကြိုးစားပေမယ့်လဲ အဆင်မပြေ။

"အန်တီအေး
သားကို ကြိမ်လုံးလေးပေးပါလားဟင်"

ကြံရာမရတဲ့အဆုံး အန်တီအေးဆီကပဲ ကြိမ်လုံးတောင်းမိတော့သည်။

"ဟေ
အရိုက်ခံရပြန်ပြီလား သားလေးရဲ့"

လွှမ်းဆီက အရိုက်ခံထားရတာ နှစ်ပတ်လောက်ပဲရှိသေးတော့ အန်တီအေးတောင် ကိုယ့်ကို ထူးဆန်းသလိုမေးလာသည်။
လိမ္မာတာလဲ ကျွန်တော့် အပြင်နှစ်ယောက်မရှိဘူး။
ဒါပေမယ့်လဲ ခဏခဏ အဆူခံရ အပြစ်ပေးခံရသည်။
ခုတော့ ခဏခဏ အရိုက်ခံနေရတော့မည်။

"ဟုတ်ပါဘူး
ခန့်က စိတ်ဆိုးနေလို့ သားကိုများ ရိုက်လိုက်ရင် စိတ်ဆိုးပြေသွားမလားလို့ပါ ~
ဟိုလေ..ဒါနဲ့..ခန့်ရိုက်ရင် ပိုနာမယ်ထင်တယ်နော် အန်တီအေး
ခန့်က အားပိုကြီးမယ်ထင်တယ်နော်
သားခံနိုင်ပါ့မလား
အာ...မသိတော့ဘူး ခန့်စိတ်ဆိုးပြေဖို့ ပိုအရေးကြီးတယ်
သွားပြီ အန်တီအေးရေ"

ခဏလောက်တွေဝေမိပေမယ့်လဲ အသားနာတာက ဒီခဏတာပါပဲလေ။
ဒါပေမယ့် လွှမ်းဆီကအရိုက်ခံရတုန်းက ခဏတာ နာတာတော့ မဟုတ်ခဲ့။
နောက်နေ့ မနက်ထိ ထိုင်ရတာ အဆင်မပြေသေး။
ထားပါတော့ ခန့်ကပိုအရေးကြီးတယ်။
နာလဲ ဘာဖြစ်လဲ အမှားလုပ်ထားတာပဲ နာသင့်ပါတယ် အရိုက်ခံသင့်ပါတယ်။
Fighting ပြည့်စုံမိုး ဟူး....

BelongingWhere stories live. Discover now