၃၀

7.1K 373 39
                                    

"မင်း..?
သုခရဲ့ သူငယ်ချင်း
နာမည် ဘာပါလိမ့်
မှတ်မိပြီ သားဆိုတဲ့ တစ်ယောက်ပဲ"

ညနေခင်းက သာယာနေသည်ကြောင့် လွှမ်းက ပြည့်စုံနှင့်အတူ လေကောင်းလေသန့်ရှုရန် ရပ်ကွက်ထဲက ပန်းခြံထဲသို့ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။
ပန်းခြံတွင် ကလေးငယ်၏ အသိဖြစ်ပုံရသော ကောင်လေးတစ်ယောက်က လာနှုတ်ဆက်လေသည်။

"အကို ဟိန်းမာန်နိုင်?
ပြည့်စုံမိုးပါဗျာ
သား မဟုတ်ပါဘူး"

သူ့နာမည်ကို မမှတ်မိဘဲ သူ့ရဲ့အသုံးအနှုန်းကို လှောင်ရယ်ချင်ဟန်ရှိနေသည့် ဟိန်းမာန်ကြောင့် ပြည့်စုံ အနည်းငယ် ဆူပုတ်သွားရသည်။

"ဟားဟား ဆောရီး
မင်းက သားလို့သုံးနေတော့ ငါလဲ အကျင့်ပါသွားတာ
မင်္ဂလာပါ အကို
ပြည့်စုံရဲ့ သူငယ်ချင်း ဟိန်းမာန်နိုင်ပါ"

ကလေးငယ်ကို စနောက်နေတဲ့ ကောင်လေးက ကိုယ့်ကိုပါ နှုတ်ဆက်လာ၍ ခေါင်းသာ တစ်ချက်ငြိမ့်၍ အသိအမှတ်ပြုပေးလိုက်သည်။
ပြည့်လေးထက် အသက်ကြီးသည့်ပုံ။
ကျူရှင်နဲ့အိမ် ကိုသာ သွားလာနေသည့် ပြည့်လေးက သူ့ထက်အကြီးတွေနဲ့ ဘယ်တုန်းကခင်သွားတာပါလိမ့်။

"အကိုနဲ့က သူငယ်ချင်းမဟုတ်ပါဘူး
ဒုက္ခရောက်အောင် လုပ်သွားပြီးတော့ ဟွန့်"

"အဲ့ဒါက ငါက စလိုက်တာပါကွာ
မင်းက အခုထိ စိတ်ထဲထားနေတုန်းလား
အိုကေ
အကိုကပဲ သဘောထားကြီးစွာ ပြန်တောင်းပန်ပေးမယ်
အဲ့ကိစ္စကို မေ့လိုက်တော့နော်
ငါ့ကို သူငယ်ချင်းလိုပဲ သဘောထားပေး"

ဘာကိစ္စပြောနေကြမှန်း လွှမ်းက မသိတာကြောင့် ဘေးတွင်သာ အသာ တိတ်ဆိတ်နေပေးလေသည်။

"ပြီးတာပဲ
ဒါနဲ့ အကိုက ဒီရပ်ကွက်ထဲမှာနေတာလား
သားတို့နဲ့ တူတူပဲပေါ့"

'သား'?
ဒီကောင်လေး အခု သား လို့သုံးလိုက်တာလား။
သူ့ထက်ကြီးမယ်ဆိုတောင် အများဆုံး ၂ နှစ်လောက်သာ ကြီးနိုင်မယ့် သူကိုတောင် သား လို့သုံးလိုက်တာလား။
ဒီအသုံးအနှုန်းက တော်တော် အဆင်မပြေတာပဲ။
ပြင်ဖို့ ပြောလိုက်တယ်ထင်တာ မပြောခဲ့မိဘူးလား။
ထားပါတော့လေ။​
ဒီတစ်ခါတော့ သေသေချာချာ ပြင်ပေးရမယ်။

BelongingWhere stories live. Discover now