"သခင်.... သားကို စိတ်ဆိုးနေတုန်းပဲလားဟင်"
Hotpot ဆိုင်တွင် private room ကိုယူကာ ဟင်းရည်အိုး၊ အသားငါးနှင့် အသီးအရွက် ဗန်းများလာချပြီးတော့ ထည်ဝါက အခန်းကို lock ချပေးသည်။
ထိုအခါမှ ရှိန်းက mask ကိုချွတ်ကာ အားရပါးရ အသက်ရှုလိုက်သည်။
လွှမ်းက ဟင်းရည်ပူတာကို စောင့်ရင်း ပြုတ်သင့်သည့်အသားများကို သေသေချာချာရွှေးကာ ပြုတ်ပေးနေသည်။ပြည့်စုံကတော့ ဒါကို အခွင့်ကောင်းယူကာ ရှိန်းဘေးတွင် ဒူးထောက်လျှက် ချော့နေလေသည်။
လက်ကလေး နှစ်ဖက်ကို ရှိန်းရဲ့ ပေါင်ပေါ်တင်ထားကာ သူ့ရဲ့လှပတဲ့မျက်လုံးလေးတွေနဲ့ ရှိန်းကို ဆွဲဆောင်နေသည်။"သခင် သားကို ခွင့်လွှတ်ပေးလို့မရဘူးလား
ဒါမှမဟုတ်လည်း ဟို..... ကြိမ်လုံးနဲ့ မဟုတ်ဘဲ ပေတံလေးနဲ့ဖြစ်ဖြစ် ရိုက်ပေးလို့မရဘူးလား
တကယ်...တကယ့်ကို နောက်တစ်ခါမဖြစ်စေရပါဘူး
သား ကတိပေးပါတယ်ဗျ
နော် ~ သခင် နော် ~ လို့ "ရှိန်းရဲ့ပေါင်ကို သူ့လက်သေးသေးလေးနဲ့ လှုပ်ရမ်းကာ ခေါင်းလေးနဲ့ တိုးဝေ့ရင်း တောင်းဆိုနေလေသည်။
ရှိန်းက တစ်ခါတစ်လေ ခွေးပေါက်လို့ခေါ်ရတာ ဒီလိုမျိုးလေးတွေ ချွဲတတ်လို့ပေ။ဘယ်လိုနည်းနဲ့မှ သခင့်ဆီက အရိုက်ခံရလို့မဖြစ်။
သခင့်ရဲ့ အနည်းဆုံး အချက်ရေက ၂၀ လို့ ခန့်ကပြောပြဖူးတယ်။
ကြိမ်လုံးနဲ့ အချက် ၂၀ ဆိုတာ မတွေးရဲစရာ အခြေအနေတစ်ခုပင်။
ထို့အပြင် ကျွန်တော်က ရုန်းမိတာတို့ လက်နဲ့ကာမိတာတို့ လုပ်လိုက်ရင် အချက်ရေက ပိုတိုးသွားနိုင်သည်။
ပြီးတော့ သခင့်အားကြီးနဲ့ရိုက်မှာ ဟင့်။
စဥ်းစားရုံနဲ့တင် ကျောချမ်းလာပြီ။"ဟဟ ဟုတ်သားပဲ
ပြည့်လေး ကိုယ်တိုင်ရှာထားတဲ့ ဂျယ်လီပေတံလေးရှိတယ်လေ
ရှိန်း ကြိမ်လုံးအစား အဲ့ဒါလေးသုံးပေးလိုက်ပါ
ဒီကလေးက မင်းဆီက ကြိမ်လုံးနဲ့ အရိုက်ခံရလောက်အောင် အပြစ်ကြီးကြီးမားမား မလုပ်ထားပါဘူး"စားသောက်ဖို့ပြင်နေတဲ့ လွှမ်းက 'ပေတံ' ဆိုတဲ့အသံကြားထဲက ရယ်ချင်နေလေပြီ။
ဒါ့ကြောင့်လဲ ကောင်လေးရဲ့ ရှည်လျားလှတဲ့ တောင်းပန်မှုကြီး ပြီးတော့ ချက်ချင်းဝင်ပြောလိုက်သည်။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...