၂၅

7.6K 394 59
                                    

"ဒီဆိုင်က ကြာဇံချက်ကတော့ရှယ်ပဲ ပြည့်စုံရေ"

"အေး အေး များများစား အားရပါးရသာစား"

ရှိန်းရဲ့ဆုံးမစကားတွေကြောင့် နောင်တအကြီးအကျယ်ရနေသော ပြည့်စုံက နောက်တစ်နေ့ သုခနဲ့တွေ့တော့ အဖြစ်မှန်ကိုပြောပြကာ တောင်းပန်လိုက်သည်။
ဒါကို သုခက အခွင့်အရေးယူကာ အားနာရင် မုန့်ဝယ်ကျွေးဟု ပြောလာသောကြောင့် ပြည့်စုံကသဘောတူလိုက်လေသည်။

သို့သော် သုခက တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ် နေ့တိုင်းနီးပါး မုန့်ဝယ်ကျွေးခိုင်းနေသည်မှာ တစ်ပတ်ပင်ပြည့်တော့မည်။
ကြာတော့ ပြည့်စုံစိတ်မရှည်ချင်တော့။

"မင်းကလဲ ဒါလေးကျွေးရတာကို ဟွန့်"

"အေးပါ ဘာပြောလို့တုန်း စားပါဟ"

နေ့တိုင်းနီးပါး မုန့်အတူတူထွက်စားနေတော့ သုခက ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ဆိုတာ သိလာသည်။
ပွင့်ပွင့်လင်းလင်းနှင့် လွတ်လပ်ပေါ့ပါးသည်။
သုခနှင့်စကားပြောနေလျှင် အမှန်ကိုပင် လူကပျော်ရွှင်လာရသည်။
Happy pill လို့ပင် တိတ်တခိုး nickname ပေးထားလိုက်သည်။
သုခကိုတော့ nickname အကြောင်းမပြောဖြစ်။
တော်ကြာ ဘဝင်မြင့်ပြီး ကျွန်တော့်ကို ဒီထက်ပိုပြီး အနိုင်ကျင့်နေပေလိမ့်မည်။

"ဒါနဲ့လေ မင်း အိမ်မှာ အရိုက်ခံဖူးလား"

"ဟမ်.. အရိုက်ခံဖူးတာပေါ့
အရိုက်မခံဘူးတဲ့ ကလေးဘယ်မှာရှိလို့တုန်း"

ကြက်ခြေထောက်ကို အားရပါးရစုပ်ရင်း သုခက ပြန်ဖြေလာသည်။

"ဟုတ်တော့ ဟုတ်တာပေါ့
ဒါပေမယ့်လေ ငါက တစ်ခါမှအရိုက်မခံဖူးဘူးကွ
ဟိုတစ်လောက လွှမ်းက ကြိမ်လုံးနဲ့ ခြောက်ချက်လောက် ရိုက်တာကို ငါ့မှာ နောက်နေ့ထိနာနေတုန်းဘဲ"

သုခက အရိုးသာရှိတော့သော ကြက်ခြေထောက်ကို ပန်းကန်ထဲ ပစ်ထည့်လိုက်တာ အသံပါထွက်သည်။

'ဂလွမ်'

"ဘာ!!! ခြောက်ချက်?
အာ့များ ငါ့ကိုလာပြီး အချက် ၅၀ လောက်အရိုက်ခံရတယ်ဆိုပြီး ဒရမ်မာလာခင်းလိုက်သေးတယ်"

BelongingWhere stories live. Discover now