ပြည့်စုံတို့များ ရှိန်းဆီက တစ်ခါပဲအရိုက်ခံရပါတယ် တစ်လနီးပါးလောက်ခြေငြိမ်နေလေသည်။
ဘာအပြစ်မှလဲ ထပ်မလုပ်ပေ။
လွှမ်းဆီကတောင် အပြစ်ပေးခြင်းမခံရအောင်အထိ လိမ္မာလို့နေသည်။
ပုံမှန်ဆို လွှမ်းနဲ့စာအတူတူလုပ်ရင် အနည်းဆုံးတော့ ထိုင်ထလောက်တော့ လုပ်ရသည်။
ခုတော့ မဟုတ်။
ထိုင်ထပင်မလုပ်ရအောင် လိမ္မာလွန်းနေသည်။ပြည့်စုံ၏လိမ္မာနေမှုကြီးကထူးဆန်းလွန်းနေသည်ကြောင့် ရှိန်းတို့ ၃ ယောက်ကတော့ မျက်ခုံးလှုပ်နေရှာသလို စိုးရိမ်ပူပန်လို့လဲနေသည်။
"ကလေးလေး
New year plan ဆွဲချင်လား""ဗျာ ဘယ်လို plan လဲ"
ငြိမ်ချက်သားကောင်းနေတဲ့ ကလေးငယ်ကို တက်တက်ကြွကြွဖြစ်သွားအောင် new year party လုပ်ဖို့ ထည်ဝါကစီစဥ်ထားသည်။
Party ဆိုပေမယ့် ကြီးကြီးမားမားလုပ်မည်တော့မဟုတ်ပေ။
ကလေးငယ်ကို ခေါင်းဆောင်တင်ကာ ကလေးငယ်ရဲ့ စိတ်ကူးအတိုင်း လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးသာလုပ်ဖို့စီစဥ်ထားခြင်းသာ။
ကလေးရဲ့ သူငယ်ချင်းအနည်းငယ်လဲ ခေါ်ချင်ခေါ်ခွင့်ပေးထားပါသေးသည်။"New year party လုပ်ကြမယ်လေကွယ်
Decoration ကို ကလေးတာဝန်ယူပေးလို့ရမလားဗျ""ဗျာ...သားက?
မဖြစ်ဘူးထင်တယ်နော် ခန့်
သားက party တောင် တစ်ခါမှမလုပ်ဖူးဘူး
Decoration လုပ်ပေးရမယ်ဆိုတော့ မလှရင် ဘယ်လိုလုပ်မလဲ""ကလေးစိတ်တိုင်းကျ ကြိုက်သလိုသာလုပ်
ကိုယ့်ရဲ့ ကလေးလေးလုပ်တာ အကုန်ကြိုက်တယ် မွ"ဘေးမှာထိုင်နေတဲ့ ပြည့်စုံကို ကောက်ပွေ့လိုက်ရင်း သူ့ပေါင်ပေါ်တင်၍ ပါးပြင်အိအိလေးကို နမ်းကြူလိုက်တဲ့ထည်ဝါ။
"အာ..ခန့်ကလဲ ကလေးတွေလိုမနမ်းပါနဲ့ဆို ဟွန့်"
"အွန်...လူကြီးလိုနမ်းပေးရမလား အာ့ဆို"
မျက်နှာထက်ရှိ အပြုံးတစ်ပွင့်ကာ လိုအပ်သည်ထက်ပို၍တောက်ပလွန်းနေသူ ထည်ဝါတစ်ယောက်။
ဒီစကားပြောလိုက်သည့် အချိန် ထည်ဝါ့အတွေးထဲဘာတွေရှိလဲ လူသားတိုင်းနားလည်နိုင်ပေမယ့် သူ့မျက်စိရှေ့က လူသားလေးကတော့ နားမလည်ခဲ့ပေ။
YOU ARE READING
Belonging
General Fictionကိုယ်တို့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ပေးလို့ ကျေးဇူးပါ ကောင်လေးရေ။ ကိုယ်တို့ကို ရွေးခြယ်ခဲ့တဲ့အတွက် မင်းနောင်တမရစေရဘူး။ မင်းမခံစားဖူးခဲ့တဲ့ ချစ်ခြင်းတရားတွေကို ပေးအပ်ဖို့ ကိုယ်တို့ကအသင့်ဖြစ်နေပြီ။ မင်းလေးရော ကိုယ်တို့အတွက် လိမ္မာတဲ့ကောင်လေးဖြစ်ပေးနိုင်မ...