၄၀

12.3K 491 77
                                    

ရုံးခန်းထဲတွင် ဇာတ်ညွှန်းဖတ်နေသော ရှိန်းရဲ့ အခန်းထဲကို ဝင်ရန် ချောင်းနေသော ပြည့်စုံ။

ရှိန်းက မနက်ဖြန် ဂျစ်ကန်ကန် ကျောင်းသားလေး ကာရိုက်တာ ကနေ သရုပ်ဆောင်ရမည်ဆိုသည်ကို ထည်ဝါ့ဆီက ကြားသိထားသောကြောင့် ရိုက်ကွင်းလိုက်ရန် ပူဆာဖို့ဖြစ်သည်။

အမြဲတည်ကြည်ကာ လူကြီးဆန်တတ်သည့် ရှိန်းကို ဒီလိုပုံစံမျိုးနဲ့ အပြင်မှာ လက်တွေ့ တွေ့မြင်ခွင့်ရဖို့ဆိုတာ လွယ်တာမှမဟုတ်ဘဲ။
ဇာတ်ကားကြည့်ပေါ့လို့ပြောပေမယ့် ဇာတ်ထဲမြောသွားရင် ရှိန်းလို့တောင်မထင်ရအောင် အဲ့ဇာတ်ကောင်လို့ပဲ တွေးထင်မိတာကြောင့် အဆင်မပြေပေ။
ရှိန်းက အဲ့လောက်ထိ သရုပ်ဆောင်ကောင်းလှသည်။
သူ့ဇာတ်ကားတွေကြည့်လျှင် ရှိန်းသခင်ဆိုတဲ့ ဖြစ်တည်မှုကို ခဏတာ မေ့လျော့သွားစေတတ်သည်။

ထို့ကြောင့် ပြည့်စုံ ရုပ်ရှင်ကြည့်တိုင်း ရှိန်း မျက်နှာကိုမြင်နေရလို့သာ ရှိန်းမှန်းသိတာ။
ဇာတ်ကို အစအဆုံးမြောသွားလိုက်တာ ဝေဖန်ဖို့အချိန်ပင် မရခဲ့ပေ။

ရိုက်ကွင်းမှာတော့ အခန်းတွေကို ဖြတ်ပြီး ရိုက်တာဖြစ်လို့ ရှိန်းရဲ့ တည်တည်ကြည်ကြည် ပုံစံကနေ ဂျစ်ကန်ကန် ပြောင်းလဲသွားတဲ့ ပုံစံကို အရမ်းမြင်ချင်နေလှပြီ။

"ကိုပြည့်စုံ!!
ပြောစရာရှိရင် အထဲဝင်ခဲ့
အပေါက်ဝမှာ ပြူတစ်ပြူတစ် လုပ်မနေနဲ့
ကိုယ် အလုပ်လုပ်ရတာ အာရုံနောက်တယ်"

သူ့ကိုခေါ်လိုက်တဲ့ ရှိန်းအသံကြောင့် လန့်သွားပေမယ့် နောက်ဆုံးပြောလိုက်တဲ့ စကားကြောင့် မျက်နှာငယ်လေးနဲ့ ရှိန်းအရှေ့မှာ သွားရပ်ရှာသည်။

"ကဲ ပြော
ဘာကိစ္စရှိတုန်း"

ထိုင်ခုံရဲ့ နောက်မှီကို မှီပြီး ပြည့်စုံဘက်လှည့်ကာ မေးလာတဲ့ သခင့်ပုံစံက ခပ်ထန်ထန် ဖြစ်နေတာကြောင့် အယောင်ယောင် အမှားမှားနဲ့ ခေါင်းခါလိုက်မိသည်။

ရုတ်တရက် မျက်မှောင်ကျုံ့လာတဲ့ သခင့်ကိုမြင်မှ လိမ်သည့်သဘော သက်ရောက်သွားသည်ကို သတိထားမိသွားပြီး

BelongingWhere stories live. Discover now