အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၈၆ )
Chapter 186 မနှစ်မြို့စရာစွမ်းအားဒီအကြောင်းကိုကြားလိုက်တဲ့ အခါမှာတော့ ကျောက်ဖူ အတော်လေး ဝမ်းသာသွားခဲ့ပါတယ်။ မိုးမခတောင်မြို့ဟာ မြို့တစ်မြို့ဖြစ်တာကြောင့် ဒီမြို့မှာ တယ်လီပို့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ရှိနိုင်ပါတယ်။
ဒီအချိန်မှာတော့ အဖြူရောင်အသားအရည်ရှိပြီး လှပတဲ့ အမျိုးသမီးဟာ မြင်းစီးသူရဲနှစ်ဦးရဲ့ ချုပ်နှောင်ဖမ်းဆီးခြင်းကို ခံထားရသည်။ သူမ အားကုန်သုံး ရုန်းကန်နေခဲ့ပေမယ့် လွတ်မြောက်ေအာင် မလုပ်နိုင်ခဲ့ပါဘူး။ သူမ လွတ်မြောက်အောင် ရုန်းကန်နိုင်ခဲ့ရင်တောင်မှ သူမရဲ့ဖမ်းဆီးခံထားရတဲ့ မောင်ငယ်လေးနဲ့ အသက်ကြီးေနပြီဖြစ်တဲ့ သူမအဖွားကို ချန်ထားခဲ့ရပြီး၊ သူမတစ်ယောက်တည်းသာ လွတ်မြောက်နိုင်မှာပါ။
ဒါ့အပြင် သူမကို ဖမ်းဆီးခြင်းရဲ့ အကျိုးဆက်တွေကိုလည်း နားလည်ေနခဲ့ပါတယ်။ ကျန်းဟောင်အနေနဲ့ သူ့ရဲ့ ရာထူးေနရာကို တည်တည်ငြိမ်ငြိမ် မဖြစ်မချင်း သူမကို ချုပ်နှောင်ထားမှာပါ။ သူသည်ပေါင်းပင်များကိုခုတ်လှဲ။ အမြစ်ကိုဖယ်ရှားပစ်လိမ့်မည်။ သူမသာမကသူမ၏အစ်ကိုငယ်နှင့်အဘွားတို့နှစ် ဦး စလုံးသေဆုံးလိမ့်မည်။
ရုတ်တရက်ပဲ အသားအရေ အဖြူရောင်ရှိတဲ့ အမျိုးသမီးက အဝေးတစ်နေရာမှာ ရိှနေတဲ့ လူသုံးဦးပါတဲ့ ထူးဆန်းတဲ့ လူတစ်စုကို တွေ့လိုက်ရပြီး၊ မျှော်လင့်တကြီးနဲ့ အားကိုးစရာ ရှာရင်း အော်ဟစ်လိုက်ပါတယ်။
“ ငါတို့ကို ကယ်ပါဦး၊ ကျေးဇူးပြုပြီး ငါတို့ကို ကယ်ေပးပါ။"ဒီအချိန်မှာပဲ ဓါးပြက ပြုံးပြီး၊ တွေးနေခဲ့ပါတယ်။
*ဘယ်သူက မင်းတို့ကို ကယ်မှာလဲ။.... *ကျောက်ဖူ ဒီအချိန်မှာ ဒါတွေတွေးမနေခဲ့ပါဘူး။ သူတွေးနေခဲ့တာက အကျိုး အမြတ်ပါပဲ။ ဒီအခြေအနေက သာမန်လုယက္မှု ဒါမှမဟုတ် အဲ့ဒီလို အခြေအနေတစ်ခုခုဖြစ်ခဲ့ရင်တော့ ကျောက်ဖူ ကြားဝင်ေဖြရှင်းမှာပါ။ သူ့အနေနဲ့ ဘာမှမရရှိနိုင်သလို ဘာမှလည်း မဆုံးရှုံးနိုင်ပါဘူး။ ဒါပေမယ့် ဒီကိစ္စက သူ့အနေနဲ့ မဟာ ချင်ကို မြန်မြန်ဆန်ဆန် ပြန်ရောက်နိုင်ခြင်း ရှိ၊ မရှိနဲ့ ပက်သက်နေပါပြီ။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ