အပိုင်း (၁၅၃)

223 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၅၃ )
Chapter  153             ထိတ်လန့်ဖွယ်ကောင်းတဲ့  နတ်ဆိုးရဲ့ ဟိန်းဟောက်သံ

မြှားက ထွက်ပြေးနေတဲ့ ကျောက်ဖူဆီကို ဝင်ရောက်လာတဲ့ အခါမှာတော့ သူ အလွန်ကြောက်လန့် တုန်လှုပ်သွားခဲ့ပြီး၊ သူ့ဆံပင်တွေ ထောင်သွားခဲ့ပါတယ်။ သူ‌ေနာက်ကို လှည့်ကြည့်လိုက်တော့ ကြောက်လန့်စရာကောင်းတဲ့ မြှားကို တွေ့လိုက်ရပြီး၊ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဓါးနဲ့ ပြေးဝင်လာတဲ့ မြှားကို ပုတ်ထုတ်လိုက်ပါတယ်။ အဲ့ဒီ့နောက်ဓါးက မြှားနဲ့ လေထဲမှာ ထိပ်တိုက် တွေသွားခဲ့ကြပြီး၊ ကြီးမားတဲ့ ပေါက်ကွဲမှုကြီး ထွက်ပေါ်လာကာ အသံလှိုင်းတွေ ထွက်လာခဲ့ကြပါတယ်။

ဒီအချိန်မှာတော့ ကျောက်ဖူရဲ့ ဘေးမှာ ရှည်လျားတဲ့ တစ်ဖက်သွားဓါးကြီးကို လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကြီးမားတဲ့ တစ်ဖက်သွားဓါးကြီးက တုန်လှုပ်စရာကောင်းတဲ့ တစ်ဖက်သွားဓါး အလင်းတွေကို ထုတ်လွှတ်နေခဲ့ပြီး၊ ကျောက်ဖူ ဆီကို ခုတ်ချလိုက်ပါ‌ေတာ့တယ်။

ချွင်!

သတ္တုခြင်း ရိုက်ခတ်သံက ထွက်ပေါ်လာခဲ့ပြီး၊ ရိုက်ခတ်မှုကြောင့် လွင့်စင်ထွက်လာတဲ့ အခါမှာတော့ ကျောက်ဖူ သူ့ရဲ့ ဘုရင့်ရဲ့ စွမ်းအားပါဝါကို  လှည့်ပတ်လိုက်ပြီး၊ သူ့ဓါးကို အသုံးပြုကာ ရှည်လျားတဲ့ တစ်ဖက်သွားဓါးကြီးကို တားဆီးလိုက်ပါတယ်။

ဒါပေမယ့် ကျောက်ဖူ နောက်ထပ်ပုံရိပ်တစ်ခုကို ထပ်မံတွေ့လိုက်တဲ့အခါမှာတော့ အတော်အံ့အားသင့်သွားခဲ့ပြီး၊ သူရိှ‌ေနတဲ့ နေရာကို လှံတစ်ချောင်းက အလင်းရောင်တွေနဲ့အတူ ထိုးဖောက်ဝင်ရောက်လာခဲ့တာကြောင့် ခြေလှမ်း အတော်များများ နောက်ဆုတ်လိုက်ရပါတယ်။

ကျောက်ဖူ သူ့ရှေ့မှာ ရောက်နေတဲ့ လူသုံးယောက်ကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့ပါတယ်။ ရှည်လျားတဲ့ လက်နှစ်ဖက်ကိုင် အသွားတစ်ဖက်ဓါးကို ကိုင်ထားသူက စစ်သည်ပုံစံပေါက်နေတဲ့ လူလတ်ပိုင်းအရွယ် ယုလင်းပိုင် ဖြစ်ပြီး၊ သူကတော့ ကောင်းကင်ဘုံကျောကါတုံးမြို့တော်ရဲ့ မဟာစစ်သူကြီး သုံးယောက်ထဲမှ ပထမ ပုဂ္ဂိုလ်ပါ။ ခရမ်းရောင်လေးကို ကိုင်ထားသူကတော့ ဂူဖန်း အမည်ရှိ လူငယ်တစ်ယောက်ဖြစ်ပြီး၊ သူကတော့ ကောင်းကင်ဘုံ ကျောက်တုံး မြို့တော်ရဲ့မဟာစစ်သူကြီးကြီး သုံးယောက်ထဲမှ ဒုတိယမြောက် ပုဂ္ဂိုလ်ပါပဲ။ ရွှေလှံကို ကိုင်ထားသူကတော့  လုရှမ်း အမည်ရှိ လူကြီးတစ်ယောက်ပဲ ဖြစ်ပြီး၊ သူကတော့ ကောင်းကင်ဘုံ ကျောက်တုံး မြို့တော်ရဲ့ တတိယမြောက် မဟာစစ်သူကြီးပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Tahanan ng mga kuwento. Tumuklas ngayon