အပိုင်း (၁၄၁)

232 27 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄၁ )
Chapter 141         ထူးဆန်းတဲ့ ရောဂါ

“ ဒါဆို ငါနဲ့ အတူလိုက်ချင်ကြလား။ ဘယ်လိုလဲ"  ကျောက်ဖူ အပြန်အလှန်ဖက်ထားကြတဲ့ သူတို့သုံးဦးကို မေးလိုက်ပါတယ်။

သူတို့က ဒီအကြောင်းကို စဉ်းစားလိုက်ကြပြီး၊ သူတို့အားလုံး မခွဲခွာ ချင်ကြတဲ့အတွက် ခေါင်းညိတ်ပြလိုက်ပါတယ်။ အဲ့ဒီ့နောက် သူမတို့က သူတောင်းစား‌ေလးဆီ ပြေးပြီး၊ နှိုးလိုက်ကြပါတယ်။

နိုးလာတဲ့အခါမှာ‌ေတာ့ သူတောင်းစားလေးသည်ကြောက်လန့်တကြား အော်ဟစ်‌ေနခဲ့ပါတယ်။  သူ့ရဲ့ ပင်ကိုအသိစိတ်ရဲ့ တုန့်ပြန်မှုကြောင့် ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့က သွေးချင်း‌ေတွ မဟုတ်ကြပါဘူး။ အဲဒီအစား သူတို့ဟာ အသက်ရှင်ရပ်တည်ရေးအတွက် တစ်ယောက်ကိုတစ်ယောက် အားကိုးနေကြတဲ့ မိဘမဲ့တွေပါ။

နာမကျန်းဖြစ်နေတဲ့ မိန်းကလေးကိုတော့ တုဘချင်း၊ အမြွှာထဲက ယောက်ျားလေးကို ဝူလင်း၊ မိန်းကလေးကို  ဝူချင်းလို့ ခေါ်ပြီး၊သူတောင်းစား‌ေလးကိုတော့ ရဲချောင်ချန်လို့ ခေါ်ပါတယ်။

သူတို့က ကျောက်ဖူကို သူတို့ရဲ့ သခင်အဖြစ်အသိအမှတ်ပြုခဲ့ကြတာကြောင့် ကျောက်ဖူ သူတို့ရဲ့ အချက်အလက်အခြေအနေ‌ေတွနဲ့ အဆင့်တွေကို ကြည့်နိုင်ခဲ့ပါပြီ။

ကျောက်ဖူကို အံ့အားသင့်သွားစေတဲ့ အချက်က‌တော့ တုဘချင်းက SSS အဆင့် ဖြစ်ပြီး၊ ဝူလင်း၊ ဝူချင်းနဲ့ ရဲချောင်ချန်းတို့က  A အဆင့် ဖြစ်နေခဲ့ကြပါတယ်။ဒီ လူငယ်‌ေလးသုံးယောက်က  A အဆင့် ဖြစ်နေတာ အံ့ဩစရာ မဟုတ်ပေမယ့် နာမကျန်းဖြစ်နေတဲ့ တုဘချင်းက တကယ့်ကို SSS အဆင့်ဖြစ်နေတာကတော့ အံအားသင့်စရာပါ။

ဘိုင်ချီနဲ့ ဝမ်းဂျင်းတို့က သမိုင်းဝင်သူရဲကောင်းတွေ ဖြစ်ကြပြီး၊ သူတို့ ပြီးရင်တော့  SSS အဆင့်ကို ကျောက်ဖူ ပထမဆုံးတွေဖူးတာက ဒီ‌ေကာင်းကင်ဘုံ နိုးထခ့င်းကမ္ဘာကြီးရဲ့ ဒေသခံပါ။ များသောအားဖြင့် ဒီလို အဆင့် ရှိတဲ့သူတွေဟာ မြို့တော် အရှင်သခင်တွေပါ။ ဒါကြောင့် ကျောက်ဖူအလွန် အံဩသွားခဲ့တာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now