အပိုင်း (၅၂)

274 28 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅၂ )
Chapter  52      အန္တရာယ်

အစစ်အမှန်ကမ္ဘာသို့ပြန်လာရောက်ပြီးနောက် ကျောက်ဖူ သူ့အခန်းထဲမှ ထွက်လာခဲ့ပါတယ်။ မိသားစုခွဲမှလာသော အဆက်အနွယ်များအတွက်ပြင်ဆင်ထား‌ေသာ စားသောက်ဆိုင်ကို သွားရန်ပြင်ဆင်ခဲ့ပါတယ်။ မိသားစုခွဲမှလာသော အဆက်အနွယ်များဟာ ပင်မမိသားစုများထက် နိမ့်ကျတဲ့ အဆင့်အ‌ေနအထားမှာ ရှိ‌ေနပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပင်မမိသားစုတွေဟာ ရင်းမိသားစုရဲ့ သွေးတေွ ပိုသန့်စင်နေလို့ပါ။

ဒါတောင် မိသားစုခွဲအဆက်အနွယ်များမှ လာသူတွေကို ပြုစုစောင့်ရှောက်ထားမူဟာ ပင်မမိသားစု (သို့) မိသားစုခွဲမှ လာသူတွေလောက် မကောင်းဟုထင်ရသော်လည်း အဆိုးကြီးတော့မဟုတ်ပါဘူး။  မိသားစုခွဲအဆက်အနွယ်များမှ လာသူ‌ေတွဟာ သူတို့ဟာ စားချင်သလောက်ကို စားနိုင်သော်လည်း၊ လိုအပ်တာတွေအတွက်တော့ ရင်းမိသားစုကို ပြန်ပေးချေရမှာပါ။

ဒီနေ့ဟာ အလွန်သာယာကြည်လင်နေတဲ့ နေ့ တစ်နေ့ ဖြစ်ပြီး၊ ကောင်းကင်မှာ တိမ်တိုက်အနည်းငယ်သာရှိပါတယ်။  ကောင်းကင်မှ နေရောင်တွေဟာ မြေပြင်ပေါ် ကျရောက်နေတဲ့အတွက် ရာသီဥတုကလည်း အလွန်ပူပြင်းလှပါတယ်။

အဆောက်အအုံတစ်ခုပေါ်မှာတော့ သတ်လတ်ပိုင်းအရွယ် နီညိုညို အသားအရေရှိတဲ့ လူတစ်ယောက်က သူ၏ရဲ့ စနိုက်ပါ မြင်ကွင်းအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံ ကျောက်ဖူကို ကြည့်နေပါတယ်။  သူက ဖြည်းဖြည်းချင်းပဲ ကျောက်ဖူရဲ့ခေါင်းကို စနိုက်ပါပြောင်းနဲ့ ချိန်ရွယ်နေပါတယ်။ အဲ့ဒီ့နောက် သူ့မျက်နှာပေါ်မှာ အပြုံးတစ်စ ပေါ်လာပြီး ခလုတ်ကို ဖြည်းဖြည်းချင်းဆွဲလိုက်ပါတယ်။ သူ လုပ်တာသာ အောင်မြင်ခဲ့ရင်တော့ ကျောက်ဖူရဲ့ ခေါင်းမှာရှိတဲ့ ဦးနှောက်တွေနဲ့ သွေးတွေဟာ နေရာအနှံ ပြန့်ကျဲသွားမှာပါ။

ကျောက်ဖူက လမ်းလျောက်လာစဉ်မှာပဲ  တစ်စုံတစ်ယောက်က ၁ ဒေါ်လာ အကြွေစေ့ ပြုတ်ကျနေခဲ့တာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီလူက အတော်လေးချမ်းသာနေလို့ ၁ဒေါ်လာ အကြွေစေ့ အတွက် စိတ်အနှောက်အယှက် အဖြစ်ခံနိုင်တာ သေချာပါတယ်။ ဒါကြောင့် ကျောက်ဖူက အကြွေစေ့ကို ကောက်ယူဖို့ ခေါင်းငုံ့လိုက်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now