အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၄၂ )
Chapter 142 သန့်စင်သော စိတ်ဝိညာဉ်ဆေးဝါးတုဘချင်းကို သေချာစွာ စစ်ဆေးပြီးနောက် ကျန်းဘိုင်ချူ လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးပြီး၊ ေပြာလိုက်ပါတယ်။
“ အရှင် မင်းမြတ်၊ ဒီဟာက ဖျားနာတာ မဟုတ်ပါဘူး။ ဒီအမျိုးသမီးငယ်မှာ အထူးဖွဲ့စည်းတည်ဆောက်ပုံ တစ်ခုခုများ ရှိေနလို့ပါ”
"ဝိုး"
ကျောက်ဖူ အံ့အားသင့်သွားပြီး၊ မေးလိုက်ပါတယ်။
“ သူမမှာ ဘယ်လိုဖွဲ့စည်းတည်ေဆာက်ပုံမျိုး ရှိနေတယ် ဆိုတာကို ပြောပြနိုင်မလား”ကျန်းဘိုင်ရှူး ခေါင်းကိုခါပြလိုက်ရင်း ပြန်ဖြေလိုက်ပါတယ်။
“ အရှင် မင်းမြတ်၊ ဒီမိန်းမပျိုရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ေဆာက်ပုံက သိပ်ကိုထူးခြားပါတယ်။ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ဖို့ ခက်နေပါတယ်။ ဒါပေမယ့် ဒီမိန်းကလေးဖြစ်နေတဲ့ ရောဂါလက္ခဏာ အချို့ရဲ့အကြောင်းရင်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းနည်းအချို့ကိုတော့ ကျွန်တော်သိပါတယ်။ ”ကျောက်ဖူ အနည်းငယ် စိတ်ပျက်သွားခဲ့ပါတယ်။ ကျန်းဘိုင်ရှူက သူမရဲ့ ထူးဆန်းတဲ့ ဖွဲ့စည်းတည်ေဆာက်ပုံ ရှိနေတာကိုသိလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် သူက ဘယ်လို ဖြေရှင်းရမယ် ဆိုတာ သိနေသေးတဲ့ အတွက် အခြေအနေ ကောင်ပါသေးတယ်။ ဒါကြောင့် ကျောက်ဖူ ဘာလုပ်နိုင်သလဲ ဆိုတာကို မေးမြန်းခဲ့လိုက်ပါတယ်။
ကျန်းဘိုင်ရှူက ရှင်းပြလိုက်ပါတယ်။
“ ဒီအမျိုးသမီးငယ်ဟာ နှစ်စဉ်နှစ်တိုင်း အသွင်ပြောင်းလဲမှု ဖြစ်စဉ်ကို ကျော်ဖြတ်နေရတာဖြစ်တဲ့အတွက် သွေးသန့်စင်တဲ့ စိတ်ဝိညာဉ်ဆေးဝါး အများအပြား လိုအပ်မှာ ဖြစ်ပါတယ်။ သွေးသန့်စင်တဲ့ စိတ်ဝိညာဉ်ဆေးဝါးေတွ မပါဘဲ ေကျာ်ဖြတ်ခဲ့ရင်ေတာ့ မိန်းကလေးငယ်ဟာ နာကျင်မှုနဲ့ အားနည်းမှုတွေကို ခံစားရနိုင်ပါတယ်။ ဒီပြောင်းလဲမှု ဖြစ်စဉ်မှာ သွေးသန့်စင်တဲ့ စိတ်ဝိညာဉ်ဆေးဝါးေတွ အကူအညီရခဲ့ရင်ေတာ့ ပြသနာ မရှိနိုင်တော့ပါဘူး။"
VOCÊ ESTÁ LENDO
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasiaကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ