အပိုင်း (၂၁)

337 36 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂၁ )
Chapter 21        အရိုးစုတပ်မူး

နှစ်ရက်အကြာမှာတော့ လှေကားက ပြီးစီးသွားခဲ့သည်။ ကျောက်ဖူ အောက်ခြေမှာ ကျယ်ပြန့်မှုမရှိတာကြောင့် ဒိုင်းကာစစ်သည် ၁၀ ယောက်၊ ခြေလျင်တပ်သား ၁၀ ယောက်၊ လေးသမား ၁၀ ယောက်၊ ဘိုင်ချီ နှင့် အဖိုးကြီး လို့ဂ်တို့ကိုသာ ခေါ်ဆောင်လာခဲ့သည်။ အခုအချိန်မှာတော့ သူတို့က အောက်ခြေကို လှေကားကနေ ဆင်းလာခဲ့ကြပါပြီ။

အခုအချိန်မှာတော့ သူတို့ရဲ့လက်နက်ကိရိယာ(Item) တွေဟာ လုံးဝကွဲပြားသွားခဲ့ပါပြီ။ ခြေလျင်စစ်သည်တွေအားလုံးက သံဓားတွေနှင့် အသွားတစ်ဖက်သံဓါးတွေကို အသုံးပြုနိုင်ခဲ့ကြပြီး၊ ဒိုင်းကာစစ်သည်တွေ ကိုင်ထားကြတဲ့ဒိုင်းတွေရဲ့မျက်နှာပြင်ကလည်း သံအထူနဲ့ လုပ်ထားခဲ့တာပါ။ လေးသမားတွေ အသုံးပြုတဲ့ မြှားခေါင်းတွေကလည်းသံနဲ့ လုပ်ထားပြီး၊ လူတိုင်းက သားရေချပ်ဝပ်အင်္ကျီကို ဝတ်ဆင်ထားခဲ့ကြသည်။

မဟာ ချင် ကျေးရွာက ချပ်ဝတ်အင်္ကျီတွေကို တီထွင်နိုင်ခြင်းမရှိသေးပါဘူး။ ချပ်ဝတ်တန်ဆာအားလုံးဟာ ပြုလုပ်ဖို့အတွက် အသေးစိတ်ပုံစံလိုအပ်သည်။ ထို့အပြင် ချပ်ဝတ်တန်ဆာပြုလုပ်ဖို့အတွက် ကုန်ကျတာကလည်း သာမန်လက်နက်တွေ ထုတ်လုပ်တာထက် ၈ ဆလောက်ပိုမိုများပြားသည်။

ဒိအချိန်မှာတော့ ဘိုင်ချီ အပြာအဆင့် အသွတစ်ဖက်ဓါးကို အသုံးပြုနေခဲ့သည်။ အဲ့ဒီဓါးက သူတို့ နောက်ဆုံး ရရှိခဲ့တဲ့လက်နက်တွေထဲက တစ်ခုပါ။ ရိုးရှင်းတဲ့ပြန်လည် ပြုပြင်မှုတွေ ပြုလုပ်ပြီးတဲ့နောက် သူက အသုံးပြုနေခဲ့တာပါ။  သူဝတ်ထားတဲ့ အပြာအဆင့် သားရေချပ်ဝပ်ကလည်း အရင်က သူသတ်ခဲ့တဲ့ ခရမ်းမီးတောက်ယုန်ထံမှရခဲ့တာပါ။

ကျောက်ဖူ နောက်မှာပဲနေပြီး၊ တိုက်ခိုက်တာပါ။ သူက ရန်သူရှေ့ကို ဘယ်တော့မှ တစ်ယောက်ထဲ မဝင်သွားပါဘူး။ ဒါကြောင့် သူက သာမာန်သားရေချပ်ဝပ်သာ ဝတ်ဆင်ထားခဲ့ပြီး၊ အပြာရောင်ချပ်ဝတ်ကတော့ ဘိုင်ချီနဲ့ ပိုသင့်တော်လို့ယူဆခဲ့တာကြောင့် ဘိုင်ချီကို ဝတ်ဆင်ခိုင်းထားခဲ့ခြင်းဖြစ်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now