အပိုင်း (၇၅)

264 27 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၇၅ )
Chapter 75               အချုပ်အခြာအာဏာဆိုတာ

တောပုန်းဓါးပြ ၇၀ ခန့်သာ ပြန်‌ေရာက်လာတဲ့အတွက် အစောင့်က မေးလိုက်ပါတယ်။
" မင်းတို့‌ေတွ ဘာဖြစ်လာကြတာလဲ။ "
"ဒုတိယသခင်ကြီးကရော ဘယ်မှာလဲ။"

ကျောက်ဖူရဲ့ပုန်ကန်ဖို့ သွေးထိုးလှုံ့ဆော်ခဲ့တာ‌ေကြာင့် တောပုန်းဓါးပြ တွေက ဒီအချိန်ဟာ သူတို့ရဲ့ ရှေ့ရေးကို ဆုံးဖြတ်သွားနိုင်တယ် ဆိုတာကို သဘောပေါက်တဲ့အတွက် အမှားမလုပ်ရဲကြပါဘူး။  ရှေ့မှာရိှ‌ေနတဲ့ တောပုန်းဓါးပြတစ်ကောင်ကပြုံးပြလိုက်ပြီး၊ ပြန်ဖြေလိုက်ပါတယ်။
“ ဒုတိယသခင်ကြီးက အခြေအနေ‌ေတွကို အစီရင်ခံဖို့ အရင်ဆုံး လာပြောခိုင်းလိုက်တာ။"

အစောင့်တစ်ယောက်က ခေါင်းညိတ်လိုက်ပြီး၊ ပြန်ပြောလိုက်တယ်၊၊

“ စောင့်ပါ” 
အဲ့ဒီ့ထဲက အစောင့်တစ်ယောက်က ပြင်ဆင်ထားတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အခြားတောပုန်းဓါးပြတွေကို အချက္မပြခင် အဲ့ဒီ့သူရဲ့ လက်ကို အလျင်အမြန်ပဲ ဖမ်းဆွဲလိုက်ပါတယ်။

" ဘာဖြစ်‌ေနတာလဲ၊ ညီအစ်ကို "  အစောင့်က သူ့မျက်နှာပေါ်မှာ စိတ်ရှုပ်သွားတဲ့အကြည့်တွေနဲ့ မေးလာခဲ့ပါတယ်။

တောပုန်းဓါးပြက ပြုံးပြလိုက်ပြီး၊ ဆွဲကိုင်ထားတဲ့လက်ကို အောက်ချလိုက်ပါတယ်။ အဲ့ဒီ့နောက် အစောင့်ရဲ့နားနားကပ်ပြီး၊ တိုးတိုးပဲ ပြောလိုက်ပါတယ်။
" ဒုတိယသခင်ကြီး‌ေရာ၊ တတိယသခင်ကြီးနဲ့ ညီအစ်ကို ၄၀၀၀ သေသွားခဲ့ပြီ။ စွမ်းအားကြီးမားတဲ့ အရှင်သခင်တစ်ယောက်က ငါတို့ ခံတပ်စခန်းကို ဝိုင်းထားတယ်။ မင်းမသေချင်သေးရင် ငါ ပြောသလိုသာလုပ်"

အစောင့်က ကြောက်လန့်သွားပြီး၊ ချက်ချင်းပဲ နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ် ပြလိုက်ပါတယ်။

ဒီသတင်းဟာ ခံတပ်စခန်းတစ်ခုလုံး ပျံ့နှံ့သွားပြီး၊ ထူးဆန်းတဲ့ အငွေ့အသက်ကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒီလူအားလုံးဟာ သေခြင်းတရားကိုကြောက်ကြပါတယ်။ ဒါပေမယ့် အချို့ကတော့ ပထမ သခင်ကြီးကိုသစ္စာစောင့်သိကြပြီး၊ အသက်နဲ့ရင်း ကာကွယ်ခဲ့ပါတယ်။ သူတို့ထဲကအများစုကို  ကျောက်ဖူရဲ့ဘက်တော်သား တောပုန်းဓါးပြတွေက သတ်ဖြတ်လိုက်ကြပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now