အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၂၁ )
Chapter 121 ဘယ်သူ လက္မခံပဲ နေရဲသလဲအနက်ရောင် အလင်းတန်းတွေက တိမ်တိုက်တွေထဲကို ဝင်ရောက်သွားခဲ့ပြီး၊ ဒီတိမ်တိုက်တွေကြောင့် ကောင်းကင်နဲ့ မြေပြင်ဟာ မှောင်မိုက်သွားခဲ့ပါပြီ။ အလွန်များပြားတဲ့ နဂါး ဝိညာဉ်တွေရဲ့ အနက်ရောင်လေထုကြီးဟာ မဟာ ချင် ကျေးရွာမှာတင်မကဘဲ အလယ်ပိုင်းကုန်းမြေ တိုက်ကြီးရဲ့ တရုတ်ပိုင်နေရာေတွ အားလုံးရဲ့ မြေပြင်ပေါ်ကနေ ထွက်ပေါ်လာခဲ့ပြီး၊ မဟာ ချင် ကျေးရွာဆီကို အရူးအမူး ပြေးဝင်လာကြပါတော့တယ်။
ဒီအဖြစ်အပျက်က ကြီးမားတဲ့ ကံကြမ္မား စုရုံးမှုကြီး ဖြစ်ခဲ့ပြီး၊ ဒီလို တုန်လှုပ်ဖွယ်ေခြာက်ခြာစရာမြင်ကွင်းက အိပ်ပျော်နေတဲ့ လူေပါင်းများစွာကို လှုပ်နှိုးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ သူတို့ရဲ့ ကိုယ်ခန္ဓာအတွင်းမှာရိှေနတဲ့ ကံကြမ္မာက အလွန်မတည်မငြိမ် ဖြစ်နေတယ် လို့တောင် ခံစားလိုက်ရပါတယ်။ ဒီလို ကံကြမ္မာအမြောက်အများက တစ်နေရာဆီကို အလျင်အမြန်စုဝေးသွားကြတာကို မြင်ပြီးနောက် လူအများစုက သူတို့ရဲ့ နေအိမ်မှနေ ဒီလို ထွက်ခွာသွားတဲ့နေရာကို လှမ်းကြည့်နေကြပါတော့တယ်။
မကြာခင်မှာပဲ မဟာ ချင် ကျေးရွာ အထက်ကောင်းကင်ပြာမှာ ကီလိုမီတာ ၁၀၀ ပတ်၀န်းကျင်ကိုေတာ့ ကြီးမားတဲ့ အနက်ရောင်ဝဲကတော့ကြီး ဖွဲ့စည်း ဖြစ်ပေါ်လာပါေတာ့တယ်။ ဒီလို အင်အားကြီးမားတဲ့ ဖိနှိပ်မှုကြီးက ကျဆငလာခဲ့တာေကြာင့် အဝေးမှာ ရှိနေကြတဲ့ နတ်ဆိုးအချို့ေတာင် တွေ့မြင်လိုက်ကြရပါတယ်။
ကြောက်စရာများသစ်တောရဲ့ အဓိကမြို့ကြီးသုံးမြို့မှာ ရှိနေတဲ့ ပုဂ္ဂိုလ် သုံးဦးကိုအကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပါတယ်။ သူတို့ မဟာ ချင် ကျေးရွာ အထက်က ပြောင်းလဲမှုကြီးကို မြင်လိုက်ရတဲ့အခါမှာေတာ့ သူတို့ဒီတိုင်းထိုင်ေနလို့ မရတော့ဘူးလို့ ခံစားမိလိုက်ကြပါတယ်။ သူတို့အားလုံးခုန်ထွက် ပျောက်ကွယ်သွားကြပါေတာ့တယ်။
ဘုန်း !!!!
မယုံကြည်နိုင်လောက်တဲ့ ပြင်းထန်ပြီး စွမ်းအားပြည့်ဝနေတဲ့ ဒီလေဝဲကြီးကျ ကျဆင်းလာခဲ့ပြီးနောက်ပျောက်ကွယ်သွားခဲ့တဲ့ ပုဂ္ဂိုလ်သုံးယောက်က နောက်တစ်စက္ကန့်ေလာက်အကြာမှာပဲ ပြန်လည်ထွက်ပေါ်လာပြီး၊ မီတာ ၃၀ လောက်အကျယ်ရိှတဲ့ တွင်းချိုင့်ကြီးထဲကို ထိုးဖောက်ဝင်ရောက်သွားခဲ့ကြပါပြီ။ ဒီ တွင်းချိုင့်ထဲမှာတော့ အဲ့ဒီ့ ပုဂ္ဂိုလ်သုံးေယာက်ဟာ သွေးတွေ အန်ထုတ်လိုက်ကြပြီး၊ မလှုပ်မယှက် ဖြစ်သွားခဲ့ကြပါပြီ။ သူတို့ရဲ့ အရိုးအားလုံးကျိုးကြေသွားသလိုမျိုး ခံစားခဲ့ရပြီး၊ ဒဏ်ရာ အပြင်းအထန်စွာ ရသွားတဲ့ပုံပေါက်နေခဲ့ပါတယ်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ