အပိုင်း (၁၆၉)

199 19 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၉ )
Chapter  169       အနုပညာ ကိုးမျိုးနဲ့ ကျောင်း ၁၀ ကျောင်း

ပြုစားခြင်း ကတ်ပြားရဲ့ အကျိုးသက်ရောက္မှုတွေကို ကြည့်ပြီးတဲ့နောက် ကျောက်ဖူ သူ ရရှိလာခဲ့တဲ့ အရာအားလုံးကို သူ့ရဲ့ ဘုရင့်သိုလှောင် လက်စွပ် ထဲ ထည့်သိမ်းထားလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ရိုဆာရို့က သူမရဲ့ဗိုက်ကို ပွတ်သပ်ပြလိုက်ပြီး၊ ပြောလိုက်ပါတယ်။
“ ကျောက်၊ ငါ ဗိုက်အရမ်းဆာနေပြီ”

ကျောက်ဖူ လှမ်းကြည့်လိုက်တော့ အချိန်နောက်ကျနေပြီဆိုတာကို သိလိုက်ရပါတယ်။ ဒါကြောင့် သူလုပ်နေတာတွေကို ရပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီ့နောက် သူ ရိုလန် သမိုင်းအကြွင်းအကျန် နယ်မြေမှ ထွက်ခွာလိုက်ကာ အပြင်ဘက်မှာရှိ‌ေနတဲ့ မြေနေရာလွတ်တစ်ခုကို ရှာဖွေပြီး၊ မီးပုံဖိုလိုက်ပါတယ်။

အဲ့ဒီ့နောက် သူ ပန်းနတ်သမီးသုံးယောက်ကို သစ်တောသစ်သီးနက်တစ်လုံးစီပေးခဲ့လိုက်ပြီး၊ တောထဲကို လှည့်ပတ်ရှာဖွေရာမှာတော့ ကြက်အနည်းငယ်ကို တွေ့ခဲ့လိုက်ပါတယ်။

ဒီကြက်တွေက ရိုးရိုးကြက်‌ေတွထက် အနည်းငယ် ပိုကြီးပြီး၊ အမွေးအတောင်များစွာရှိနေပါတယ်။ သူတို့ရဲ့ အရောင်တွေက ရောနှော‌ေနခဲ့လို့  ကြည့်ရအတော်ဆိုးနေခဲ့ပါတယ်။

ဂေါ်ဗလင်တွေထံကနေ ကျောက်ဖူ ဒီကြက်တွေဟာ အရသာအတော် ရှိတယ်ဆိုတာကို ကြားခဲ့တာကြောင့် တစ်ကောင်ကိုဖမ်းခဲ့ပြီး၊ အမွှေးနှုတ်ကာ မီးပုံ‌ေပါ်မှာ ကင်လိုက်ပါတယ်။

မကြာခင်မှာပဲ ကြက်ကင်က ကျက်သွားခဲ့တာကြောင့် ကျောက်ဖူ  မြည်းကြည့်လိုက်ပါတယ်။ ကြကကင်ရဲ့ အနံ့က သိပ်မဆိုးခဲ့ပါဘူး။ ကြက်ကင်သားက အတော်လေး မွှေးကြိုင်‌ေနခဲ့ပြီး၊ နူးညံ့နေတာကြောင့် စားမိတဲ့ ဘယ်သူမဆို အကြိုက်တွေ့သွားနိုင်ပါတယ်။

ပန်းနတ်သမီးတွေကတော့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ စားသုံးခဲ့ကြတာကြောင့် ကျောက်ဖူတစ်ယောက်ထဲ ကြက်ကင်ကိုစားခဲ့လိုက်ပါတယ်။ ကြက်ကင် တစ်ကောင်လုံးကို စားပြီးတဲ့နောက် ကျောက်ဖူ ဗိုက်အတော်ပြည့်သွားခဲ့ပါပြီ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now