အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၄၀ )
Chapter 40 မိသားစုဆီ ပြန်ရောက်ခြင်း“ စနစ်ကြေညာချက်၊ သင်သည်အရှင်သခင် အဆင့်အတန်း ရှိသည့် သစ်တောနက်မြင်းဘုရင်ရဲ့သစ္စာရှိမှုကို ရရှိခဲ့သည်။ ”
“ စနစ်ကြေညာချက်! သင်သည် အရှင်သခင်အဆင့့်အတန်း ရှိသူတစ်ယောက်ကို အောင်နိုင်ခဲ့ပြီး၊ အောင်မြင်မှုရမှတ် ၅၀ ကို ရရှိခဲ့သည်။
နောက်ဆုံးမှာတော့ သစ်တောနက်မြင်းဘုရင်က အရှုံးပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့်ဖြစ်သည်။ ကျောက်ဖူ ဒီမြင်းဘုရင်ကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့ပါပြီ။ အဲ့ဒီနောက် သူက သစ်တောနက်မြင်းဘုရင်ရဲ့ အချက်အလက်တွေကို ဖတ်ကြည့်လိုက်ပြီး အတော်လေး ပျော်ရွှင်သွားခဲ့သည်။
[သစ်တောနက်မြင်းဘုရင်] (အကြီးအမူးချုပ်)
အဆင့်: အဆင့် ၀-၄
အဆင့် - S
အချက်အလက်များ : သန်မာမူ (ခွန်အား): ၁၀၊ ညဏ်ရည်: ၉၊ ဖြတ်လတ်မူ: ၂၁၊ ကြံခိုင်မူ ၁၄
ကျွမ်းကျင်မှု - မြင်းဘုရင်ရဲ့အင်အား (သာမန်မြင်းများကိုကြောက်ရွံ့စေပြီး၊ သူတို့ကိုလက်အောက်ခံစေခြင်း)၊ အိမ်မက်ဆန်သောပြေးလွှားခြင်း (အလွန်မြန်ဆန်သော မြန်နှုန်းဖြင့် ပြေးနိုင်သည်)
ကျောက်ဖူက မြင်းဘုရင်ရဲ့ အချက်အလက်တွေကို ကြည့်ပြီးသည့်နောက်မှာတော့ သစ်တောနက်မြင်းဘုရင်သည် မီးခိုးလေးနှင့်အတော်ပင်ဆင်တူပြီး၊ မတူညီတဲ့ အချက်အလက် အချို့ ရှိနေတာကို တွေ့လိုက်ရသည်။ အဲ့ဒီနောက် သူက ကျော့ကွင်းတွေကို ဖယ်ရှားပစ်ဖို့ သူ့စစ်သည်တွေကို အမိန့်ပေးခဲ့လိုက်သည်။ သစ်တောနက်မြင်းဘုရင်ကို အနိုင်ရခဲ့ပြီဆိုတာကို လူတိုင်းကကြားပြီးတဲ့အခါမှာတော့ သူတို့တွေသည် အတော်လေး ဝမ်းသာအားရ ဖြစ်သွားခဲ့ကြပြီး၊ သူတို့ရဲ့ ကိုယ်ပိုင်မြင်းတွေကို ရယူဖို့အတွက် ထွက်သွားခဲ့လိုက်ကြသည်။
အဲ့ဒီနောက် ကျောက်ဖူ သားရဲတွင်းဆီကို လျောက်သွားလိုက်ပြီး၊ လေထဲမှာ မျောလွင့်နေတဲ့ မြင်းရုပ်တုကို ထိကိုင်လိုက်တဲ့အခါမှာတော့ သတင်းအချက်အလက်အချို့ ပေါ်ထွက်လာခဲ့သည်။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ