အပိုင်း (၄)

975 59 2
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄ )
Chapter 4      စစ်တပ်

ရွာသားသစ် (နေထိုင်သူ အသစ်)အဆင့်အတန်းတွေက ပုံမှန်အခြေခံ ကျေးရွာတွေမှာ အများအားဖြင့်  F အဆင့်အတန်း ရွာသားသစ်များနှင့် သုံးရက်လျှင် E အဆင့်အတန်းရွာသားသစ်တစ်ယောက်ကို ခေါ်ယူနိုင်လေ့ရှိကြပြီး၊ ၁၂ ရက်တွင် D အဆင့်အတန်း ရွာသားသစ်တစ်ဦး၊ ၄၈ ရက်တွင် C အဆင့်အတန်း ရွာသားသစ် တစ်ဦး၊ ရက်ပေါင်း ၁၉၂ ရက်တွင် B အဆင့်အတန်း ရွာသားသစ် တစ်ဦး၊ ရက်ပေါင်း ၇၆၈ ရက် တွင် A အဆင့်အတန်းရွာသားသစ်တစ်ဦးနှင့် S အဆင့်တန်းနှင့်အထက်ရွာသားများကို သာမန်ကျေးရွာတွေက ဆင့်ခေါ်နိုင်ကြသည်။

ဒါကြောင့် အဆင့်မြင့်ရွာသားသစ်တွေဟာ ဘယ်လောက်တောင် ရရှိဖို့ခက်ခဲလဲဆိုတာ ဒီအခြေအနေ ကို ကြည့်ခြင်းအားဖြင့် တွေ့နိုင်သည်။ အကယ်၍ A အဆင့်အတန်းမှ ရွာသားသစ်တစ်ဦးကို ခေါ်ယူရန်အတွက် အချိန် နှစ်နှစ်ကျော် ယူခဲ့ရလျှင် သာမန်ကျေးရွာတွေအနေနှင့် S အဆင့်နှင့် အထက်ရွာသားသစ်တွေကိုဆင့်ခေါ်နိုင်ဖို့က မဖြစ်နိုင်သလောက်ပါ။

ဒီလို ရွာသားသစ်အချို့ကို သာမန်ကျေးရွာတွေ
က ခေါ်ဖို့ ဒီလောက်တောင် အချိန်ယူရသည်။ ဒါပေမယ့် အပြာ ရောင် အဆင့် ကျေးရွာတွေကတော့ အထက်ပါ အချိန်များရဲ့ ခေါ်ယူရန် ယင်း အချိန်ရဲ့ ၂/၃ ပုံ လျော့ကျသွားသည်။ ငွေအဆင့် ကျေးရွာတွေကတော့ အပြာရောင် အဆင့် ကျေးရွာတွေရဲ့ ခေါ်ယူချိန်ထက် ၂/၃ အချိန် ထပ်မံလျော့ကျသွားသည်။ ကျန်တဲ့ အဆင့် ကျေးရွာတွေကတော့ စသည်ဖြင့်ပေါ့။
 
ခရမ်းပြာ ဒဏ္ဍာရီအဆင့်ကျေးရွာတွေမှာတော့ ဆင့်ခေါ်ခံရသည့် ရွာသားသစ်အများစုဟာ F အဆင့်အတန်း၊ အချို့မှာ E အဆင့်အတန်း၊ အချို့မှာ D အဆင့်အတန်း၊ အနည်းငယ်ကတော့ C အဆင့်အတန်းပဲဖြစ်ကြသည်။ ကျန်တဲ့ အဆင့်မြင့်ရွာသားတွေကတော့ ရောက်လာဖို့ ၂ ရက်ထက် ပိုလိုပေ့မယ့် မဟာ ချင် ကျေးရွာရဲ့အထူး အချက်အလက်တွေနှင့်လိစီ ရဲ့ ဘွဲ့၊ ဂုဏ်ထူး အကျိုးသက်ရောက်မှုကို ထည့်သွင်း စဉ်းစားပါက မဟာ ချင် ကျေးရွာအနေနဲ့ အဆင့်မြင့် ရွာသားသစ်များကို ဆွဲဆောင်နိုင်ရန် +၂၅% အပိုဆု ရရှိခဲ့တာကြောင့် တစ်ရက်သာသာလောက်သာ ကြာမြင့်မှာပါ။ 

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now