အပိုင်း (၁၃၄)

228 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃၄ )
Chapter 134    နတ်ဘုရား စစ်သည်တော်ဝိညာဉ်

ပထမဆုံး အကြိမ်က အတွေ့အကြုံ‌ေတွနဲ့အတူ ကျောက်ဖူ ဒီတစ်ကြိမ်မှာတော့ လူအများကြီး ခေါ်မလာခဲ့ပါဘူး။ အားလုံးပေါင်း တယ်လီပို့လမ်းကြောင်းတွေ ဆောက်လုပ်ဖို့ ပညာရှင်ငါးဦးနဲ့ သာမန်စစ်သည် သုံးယောက်လောက်ကိုသာ ခေါ်ဆောင်လာခဲ့ပါတယ်။

ဒီလမ်းကြောင်းကတော့ ဝါးတစ်ရာ‌ေဒသကို သွားဖို့ပါပဲ။ အဲ့ဒီ့နောက် သူ ယခင်နည်းလမ်းအတိုင်း ပြုလုပ်ခဲ့ပါတယ်။ အကြိမ် ၂၀ လောက် တယ်လီပို့ လမ်းကြောင်းတွေ ဆောက်လုပ်ခဲ့ခြင်း၊ ဂူတစ်ခုရှာဖွေခြင်း၊ မြို့တော်ဖန်တီးခြင်းကျောက်တုံး အသုံးပြုခြင်းနဲ့ ဝါးတစ်ရာ ဒေသရဲ့ အဓိက မြို့ကြီး ၄မြို့ကို ဆက်သွယ်ခြင်း စတာတေွကို ဆောင်ရွက်ခဲ့လိုက်ပါတယ်။

ဝါးပင်ပေါင်းများစွာ ရှိနေခဲ့တာကြောင့် ဝါးတစ်ရာဒေသလို့ ခေါ်တွင်တာပဲ ဖြစ်ပါတယ်။ စိမ်းလန်း စိုပြေနေပြီး၊ ကျောက်စိမ်းရောင် ၀ါးတောတွေက နေရာတိုင်းမှာ ရှိနေခဲ့တာဟာ  ကြီးမားတဲ့ အစိမ်းရောင် သမုဒ္ဒရာထဲကို ရောက်ရှိသွားခဲ့သလိုပါပဲ။ ဒါဟာ လှပခြင်းနဲ့ ခမ်းနားခြင်းကို နှစ်ခု ပေါင်းစပ်ထားလိုက်သလိုပါပဲ။

၀ါးအမျိုးအစား များစွာလည်း ရှိနေကြပါတယ်။ အချို့က မီတာဆယ်နဲ့ချီရှည်လျားကြပြီး၊ ပင်စည်က ရေပုံးလောက် ရှိနေကြပါတယ်။ ဒီနေရာမှာ ပေါက်နေကြတဲ့ ၀ါးတွေနဲ့ သာမန်သစ်သားနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကိုအစားထိုးနိုင်တာ‌ေကြာင့် ဝါးနဲ့ ဆောက်ထားတဲ့ အဆောက်အအုံ‌ေတွ အများအပြား ရှိနေကြပါတယ်။

ကျောက်ဖူ အဓိကမြို့ကြီးလေးမြို့ကို သွားခဲ့ပြီး၊ ဝယ်ယူဖို့ မြေ‌ေနရာ‌ေတွ ရှာဖွေခဲ့လိုက်ပါတယ်။ ဒီလိုလုပ်ပြီးနောက် ကျောက်ဖူ အဓိကမြို့ကြီးတွေကို လှည့်ပတ် ကြည့်ရှုဖို့ အချိန်အနည်းငယ် ကျန်‌ေန‌ေသးတာ‌ေကြာင့် ဒေသတွေရဲ့ အထူးထုတ်ကုန်‌ေတွကို လေ့လာခဲ့ပါတယ်။

ဒီလို လျှောက်ကြည့်နေစဉ်မှာပဲ ကျောက်ဖူ တစ်စုံတစ်ခုကို တွေ့သွားခဲ့ပါတယ်။ ဒီ‌ေနရာမှာရိှ‌ေနကြတဲ့ ဝါးကြွက်တွေဟာ မယုံနိုင်လောက်အောင် ကြီးပြီး၊ အရသာရှိတာကြောင့် ဟင်းပွဲအများစုကို ဝါးကြွက်တွေနဲ့ ချက်ပြုတ်ကြပါတယ်။ ဒီနေရာမှာ မရေမတွက်နိုင်တဲ့ ဝါးပင်တွေ ရှိနေတာကြောင့် ၀ါးကြွက်‌ေတွ ပေါက်ဖွားတာ များလွန်းလှပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဝါးကြွက်တွေ ပြတ်လပ်သွားတယ် ဆိုတာမရှိတာကြောင့် ဈေးနှုန်းကလည်း အတော်သက်သာနေပါတယ်။ ၂- ၃ ကီလိုဂရမ် အရွယ်ရှိတဲ့  ၀ါးကြွက်တစ်‌ေကာင်မှ ကြေးနီဒင်္ဂါး ၃၀ သာ ပေးရပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now