အပိုင်း (၆၁)

281 35 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၁ )
Chapter  61          နှင်းမြေခွေး

  စားသောက်ဆိုင်ပဲဖြစ်ဖြစ်၊ ပစ္စည်းအရောင်းဆိုင်ပဲဖြစ်ဖြစ် စီးပွားရေးက အောင်မြင်လာခဲ့သည်။ ကျောက်ဖူရဲ့အိတ်ကပ်ထဲကို မြစ်ထဲကနေ ရေတွေ စီးဝင်နေသလိုပဲ ပိုက်ဆံတွေဟာလည်း သဘာဝကျကျ စီးဝင်လာပါတော့သည်။

တစ်ချိန်တည်းမှာပဲ သူဟာ မိသားစုကြီးတွေနဲ့ အုပ်စုငယ်တွေရဲ့ အာရုံစိုက်တာကို ခံနေရသည်။ ဒီ ကြောက်စရာများ သစ်တောဒေသထဲမှာ မိသားစုကြီး (၆) စု ရှိနေခဲ့ပြီး၊ သူတို့အားလုံးသည် ကြောက်စရာများသစ်တောဒေသထဲမှာ သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးလာဖို့အတွက် အခြေခံ အုတ်မြစ်တွေ ဖန်တီးချင်နေကြတာပါ။

လူတိုင်းကို ကောင်းကင်ဘုံ နိုးထခြင်းကမ္ဘာကြီး ရဲ့ ကျပန်းနေရာတွေကို ပို့ဆောင်ပေးခဲ့တာကြောင့် မိသားစုကြီးတွေသည် ဒီကြောက်စရာများသစ်တောဒေသကို လူအုပ်စု အနည်းငယ်လောက်သာ ကျရောက်လာခဲ့တာကြောင့် သူတို့ကို စုဆောင်းခဲ့ပြီး အထိုင်ချထားခဲ့ကြတာပါ။ ကျန် လူအနည်းငယ်ကတော့ သူတို့ ကျတဲ့ ကျပန်းနေရာတွေမှာပဲ အခြေချလိုက်ကြသည်။ ဒီမိသားစုကြီး ၆ခုရဲ့ အဓိက ဖွံ့ဖြိုးတိုးတက်မူအတွက် အုတ်မြစ်ကတော့ ဒီ ကြောက်စရာများသစ်တောဒေသထဲမှာပါ။ ဒီမိသားစုကြီး အားလုံးဟာ ကွဲပြားတဲ့ ရည်မှန်းချက်တွေ၊ အကြောင်းပြချက်တွေနဲ့ ဒီနေရာကို ရွေးချယ်ခဲ့ကြတာပါ။ အချို့ကတော့ ဒီနေရာမှာ ပြိုင်ဆိုင်မှု အားနည်းမယ်လို့ ယူဆကြပြီး၊ အချို့ကတော့ ဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းမွန်တဲ့နေရာလို့ ယူဆကြတာကြောင့်ဖြစ်သည်။ အချို့ကတော့ သူတို့ရဲ့ မိသားစု ဆက်ခံသူတွေက ဒီနေရာမှာ ပေါ်ပေါက်မွေးထုတ်လာခဲ့တာကြောင့်ပါ။

ဒီ ကြီးမားတဲ့မိသားစုကြီး ၆ ခုကတော့ ကျင်း မိသားစု၊ ကျောက် မိသားစု၊ ချောင် မိသားစု၊ ရန် မိသားစု၊ ဟူ မိသားစုနှင့် ရှမ်း မိသားစုတို့ပဲဖြစ်သည်။

ကစားသမားတွေက စုဖွဲ့ဖန်တီးထားတဲ့ ကြီးမားတဲ့ ဂိုဏ်း၊အဖွဲ့အစည်း ၃ ခုဖြစ်တဲ့  သန့်ရှင်းသော အလင်းအုပ်စု၊ စစ်သည်တော် မဟာမိတ်အဖွဲ့ နှင့် နတ်ဆိုးသစ်ပင် ဂိုဏ်းတွေလဲ ရှိနေခဲ့သည်။ သူတို့ရဲ့ အမည်တွေကို အခြေခံပြီး သူတို့ဟာ အဓိကမြို့ကြီး သုံးမြို့က ဂိုဏ်းဂဏအဖွဲ့အစည်းတွေ ဖြစ်ပြီး၊ အဖွဲ့ဝင်တွေလဲ အများဆုံးရှိနေခဲ့ကြသည်။ ဒီအချိန်မှာ နာမည်မကြီးသေးတဲ့ အုပ်စုငယ်လေးတွေလည်း အများအပြား ရှိနေသေးသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now