အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)
အပိုင်း ( ၁၂၈ )
Chapter 128 ချိုင့်ဝှမ်းငယ် ဒေသဒီလို ထိတ်လန့်ေကြာက်ရွံ့မှုတွေနဲ့ ရူးသွပ်မှုတွေအားလုံးရဲ့ အကြောင်းရင်းကတော့ ကျောက်ဖူ ကြောင့် ဖြစ်လာခဲ့တာပါ။ ကျောက်ဖူ ဒီအရာအားလုံးနဲ့ ပတ်သက်ပြီး ဘာမှစိတ်ကူးမရှိပါဘူး။ အဲဒီအစား သူက အခြားဒေသတစ်ခုဆီကို သွားဖို့ လမ်းကြောင်းတစ်ခု ဖန်တီးမယ့်ကိစ္စကို စိတ်ဝင်စားနေခဲ့တာပါ။ တကယ်လို့ ဒီလို အာရုံစိုက္မှုတွေရနေတာကိုသာ သူသိမယ် ဆိုရင်တော့ သူ့အနေနဲ့ ပိုပြီး ဖုံးကွယ်ထားဖို့ ကြိုးစားမှာပါ။
အခုအချိန်မှာတော့ ကျောက်ဖူ သူကိုယ်သူ ထုတ်ဖော်ဖို့နဲ့ ဘယ်သူ အညံမခံဘူးလဲ ဆိုတာ မေးနိုင်တဲ့ အင်အား သူဆီမှာ မရှိသေးပါဘူး။ ဒါကြောင့် သူက သူ့ကိုယ်သူ မုန်းတီးနေခဲ့တာပါ။ ကျောက်ဖူ သူ အစွမ်းထက်လာခဲ့ပေမယ့် တကမ္ဘာလုံးနဲ့တော့ မတိုက်ခိုက်ရဲသေးပါဘူး။
ဒီလိုအခြေအနေတွေမှာ သူ့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဖုံးဖိထားတာဟာ အကောင်းဆုံးပါပဲ။ ကျောက်ဖူ ဒီလိုကမ္ဘာတစ်ခုလုံးက စောင့်ကြည့်ပြီး၊ ဖိအားပေးနေတဲ့ အချိန်မျိုးမှာ သူ့ကိုယ်သူ ထုတ်ဖော်ပြသရတာကို မနှစ်သက်ပါဘူး။ အခုအချိန်မှာ ကျောက်ဖူ ကြီးမားတဲ့ ကံကြမ္မာကို တိတ်တဆိတ် စုဆောင်းချင်ခဲ့ပေမယ့် အခြေအနေေတွက ဒီလိုေတွဖြစ်လာခဲ့တာပါ။
ကျောက်ဖူ ဒီလိုဖြစ်နေတဲ့ အရာအားလုံးကို လက်ရှိအချိန်အထိ မသိသေးပါဘူး။ သူ ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးက ထွက်ပြီးမှသာ သူ ရှာတွေ့မှာပါ။
ယခုအခါမှာေတာ့ သုံးရက်ရှိေနပြီဖြစ်တာကြောင့် အထူး သားရဲတွင်းကနေ လေဟာနယ် သားရဲတစ်ကောင် မွေးထုတ်ပေးခဲ့တာကြောင့် ကျောက်ဖူ အခြားဒေသတွေကို သွားဖို့ လမ်းကြောင်းနှစ်ခု ဖွင့်နိုင်ခဲ့ပါတယ်။
ကျောက်ဖူ ချိုင့်ဝှမ်းငယ် ဒေသကို သွားဖို့လမ်းကြောင်းကို အရင်ဆုံးဖွင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဒေသက အနီးဆုံးဖြစ်လို့ပါပဲ။ ကျောက်ဖူ ချိုင့်ဝှမ်းငယ် ဒေသအကြောင်း တွေးမိတဲ့အခါ သူအနေနဲ့ သူ့လမ်းမှာ ဆုံခဲ့ဖူးတဲ့ ကျန်ဟန်း အကြောင်း မစဉ်စားဘဲ မနေနိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ တယ်လီပို့ဆက်သွယ်ရေးလမ်းကြောင်းတွေက အဆင်သင့် ဖြစ်နေခဲ့ပါပြီ။
YOU ARE READING
အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)
Fantasyကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာ