အပိုင်း (၇၃)

244 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၇၃ )
Chapter 73           ကမ္ဘာ့ကြီးကို စည်းလုံးညီညွတ်စေမယ်

တတိယညီက ရှာအိုဂျင်းတို့ ထွက်ပြေးနေတာကိုကြည့်လိုက်ပြီး၊ သားကောင်ကို လိုက်ဖမ်းနေတဲ့ မုဆိုးတစ်ကောင်လို ပြုံးလိုက်ပါတယ်။ သူ့ ေလးသမား တွေကိုပစ်ခတ်ဖို့ အမိန့်ပေးတော့မယ့် ဆဲဆဲမှာပဲ…

ဝှစ်, ဝှစ်, ဝှစ် ...

  လောက်စလုံး‌ေချာင်း တွေရဲ့အသံက လေထုကိုဖြတ်ပြီး ကြီးမားတဲ့ အင်အား‌ေတွပါဝင်တဲ့ အသံထွက်ပေါ်လာခဲ့ပါတယ်။ ဒီအချိန်မှာတော့ ကျောက်ဖူ လောက်လွှဲ ၂၀၀ကို ယူဆောင်လာခဲ့ပါတယ်။ သူမှာ ယခုအခါ သိုလှောင်လက်စွပ် ရှိ‌ေနပြီဖြစ်တဲ့အတွက် ဒါတွေကို သယ်ဖို့ မခက်တော့ပါဘူး။  ဒါကြောင့် သူမှာရှိတဲ့ လောက်လွှဲ အကုန်လုံး ယူလာခဲ့တာပါ။

လောက်လွှဲ ၂၀၀ ကနေ လောက်စလုံးချောင်း ၆၀၀ ကို ပစ်လွှတ်လိုက်တဲ့အခါ တောပုန်းဓါးပြ ၄၀၀၀ ‌အ‌ပေါ်ကို မိုးရွာချသလို ဆင်းသက်လာခဲ့ပါပြီ။ 

ဝုန်း၊ ဝုန်း၊ ဝုန်း …

အဆိုပါ လောက်စလုံးချောင်းတွေက အောက်ကို ကျဆင်လာပြီး၊ တောပုန်းဓါးပြတွေရဲ့ ကိုယ်တွေပေါ် စိုက်ဝင်သွာခဲ့ပါတယ်။ လောက်စလုံးချောင်းတွေကျလာတာကြောင့် သွေးတွေဟာ မြေ‌ပြင်ပေါ်မှာ ပျံ့ကျဲသွားပြီး၊ တော့ပုန်းဓါးပြ ၆၀၀ လောက်ဟာ ပါတီ သေဆုံးသွားကြပါတယ်။

မြင်ကွင်းက မယုံနိုင်လောက်အောင်သွေးထွက်သံယို‌ေတွ ဖြစ်လာတဲ့အတွက် တောပုန်းဓါးပြတွေ ထိတ်လန့်သွားပြီး၊ သူတို့ အလွန်အမင်း‌ေကြာက်ရွံ့ သွားစေခဲ့ပါတယ်။

ဝှစ်၊ ဝှစ်၊ ဝှစ် ...

ဒီအချိန်မှာပဲ မရေမတွက်နိုင်တဲ့ မြှားတွေနဲ့ ဒူလေးမြှားတွေရဲ့ အသံက ဘေးနှစ်ဖက်ကနေ မိုးရွာသလို ရွာချလာပြန်ပါတယ်။ ထွက်ပြေးလွတ်မြောက်လာ ဟန်ဆောင်ထားတဲ့ကျန်းတဟူရဲ့ လူတွေက သူတို့ဖွက်ထားတဲ့ လေးတွေနဲ့ စတင်ပစ်ခေတ်ကြပါတော့တယ်။

မရေမတွက်နိုင်တဲ့ တောပုန်းဓါးပြတွေက တစ်မိနစ်အတွင်းမှာပဲ သေဆုံးကုန်ကြတဲ့အတွက် မြေပြင်တစ်ခုလုံးကို သွေးချင်းချင်းနီသွား‌ေစခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now