အပိုင်း (၅၈)

284 29 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅၈ )
Chapter  58        ခုနှစ်သွယ်ယက်လုပ်ခြင်းအနုပညာ နည်းစနစ်

သန့်ရှင်းသော အလင်းမြို့တော်ကို ရောက်ရှိလာပြီးနောက်  ကျောက်ဖူ အိမ်ခြံမြေရုံးသို့ သွားလိုက်တဲ့ အခါမှာတော့ သူဟာ ကစားသမားတစ်‌ေယာက်ရရဲ့မတ်တပ်ရပ်နေတဲ့ လက်ရာမြှောက်သစ်သားပန်းပုရုပ်တွေကို ရုတ်တရက်တွေ့လိုက်ရသည်။ ပန်ဒါတွေ၊ လင်းပိုင်တွေ၊ ပင်ဂွင်းတွေနဲ့ အခြားတိရိစ္ဆာန်ရုပ်များစွာ ရှိနေခဲ့ပြီး၊ သစ်သားပန်းပုရုပ်တုတွေက နေထိုင်သူတွေကို ဆွဲဆောင်နေခဲ့သည်။

ကျောက်ဖူ ရုတ်တရက်ပဲ စိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။ ဒီနေရာမှာသာ စားသောက်ဆိုင်တစ်ခု ဖွင့်လိုက်ရင် ကောင်းမယ်ဆိုတာကိုပါ။ သူဟာ အစစ်အမှန်ကမ္ဘာကြီးကနေ ဟော့ပေါ့ ၊ အကင်  စတဲ့အစားအစာများစွာကို သူလုပ်ဆောင်လာနိုင်မှာပါ။ 'အစားအစာဟာ လူတွေရဲ့ နတ်ဘုရားဖြစ်တယ်' ဆိုတဲ့ ဆိုရိုးစကား လိုပါ။ ဒီလုပ်ငန်းကနေ သူ့အတွက် ငွေ အနည်းငယ်လောက်ရနိုင်သည်။ ဘာဖြစ်လိုလဲဆိုတော့ ဒီမှာနေထိုင်သူတွေဟာ ငွေသိပ်မရှိကြတာကေ့ာင့်ပါ။

ကျောက်ဖူ သူ့အကြံအစည်တွေကို စီစဉ်ခဲ့ပြီးနောက် သူဟာ အိမ်ခြံမြေရုံးကို သွားခဲ့လိုက်သည်။ ဒီအချိန်မှာတော့ သူ့မှာ ရှိတဲ့ ရွှေဒင်္ဂါး ၁၀၃ပြားကို အကုန် ယူလာခဲ့သည်။ ဒီရွှေဒင်္ဂါး ၁၀၃ ပြားထဲက  ၄၅ ပြားကို အဆင့်မြင့် အော့စ်လူဘီလူး ကျေးရွာက ရရှိခဲ့တာပါ။

ကျောက်ဖူ လူထူထပ်တဲ့နေရာက စတုရန်းမီတာ ၁၀၀ လောက် ရှိတဲ့ မြေကွက် ၁ကွက်ကို ရွှေဒင်္ဂါး ၂၅ ပြားနဲ့ ဝယ်ခဲ့လိုက်သည်။ ကျန်တဲ့ တစ်ကွက်က စတုရန်းမီတာ ၄၀၀လောက်ရှိပြီး ရွှေဒင်္ဂါး ၆၅ ပြားနဲ့ ဝယ်ခဲ့တာပါ။ စုစုပေါင်းအနေနဲ့ ရွှေဒင်္ဂါး ၉၀ လောက် သူ သုံးစွဲခဲ့ရသည်။

ဒါဟာ ကျောက်ဖူမှာ ရှိတဲ့ ငွေ အားလုံးနီးပါးပါပဲ။ ကစားသမားအများစုဟာ လက်ရှိအချိန်မှာ အတော်လေး ဆင်းရဲနေတာကို သူသိပေမယ့် အနာဂတ်မှာ သူတို့ရဲ့ စီးပွားရေး တွေ ကောင်းလာတာနဲ့ တစ်ပြိုင်နက် တဖြည်းဖြည်း ချမ်းသာ ကြွယ်ဝလာကြမှာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now